မင်းကျောင်းရှိ ရှေးဟောင်းပစ္စည်းများ ထိန်းရန် အခက်တွေ့

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်၊ အလယ်ကျွန်း နယ်မြေရှိ သက်တမ်းနှစ် ၃၀၀ ခန့်ရှိ ရှေးဟောင်း မင်းကျောင်း ကျောင်းတိုက်တွင် များစွာသော ရှေးဟောင်း ပစ္စည်းများရှိသော်လည်း ထိန်းသိမ်းရန် အခက်တွေ့နေကြောင်း ကျောင်းထိုင် ဆရာတော် ဦးစန္ဒီမာက မိန့်ကြားသည်။ ယင်းကျောင်းတိုက်တွင် နှစ်ငါးဆယ်ကျော်ရှိ ဗုဒ္ဓ၀င်ပန်ချီကားများ၊ နှစ်ရာချီသက်တမ်းရှိ ဗီရိုများ၊...

ဆယ်စုနှစ်နီးပါး တိမ်ကောနေသည့် မြိတ်ရိုးရာကျားအက ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်တွင် ပြန်လည်ကပြ

ရန်ပုံငွေ အခက်အခဲကြောင့် ဆယ်စုနှစ်နီးပါး မကဖြစ်သည့် မြိတ်ရိုးရာ ကျားအကကို ဗိုလ်ချုပ်အောင်ဆန်း   နှစ်၁၀၀ ပြည့် အထိမ်းအမှတ်နေ့ တွင် ပြန်လည် ကပြလာကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါကျားအကကို နှစ်စဉ်တပေါင်းလတွင် ကပြလေ့ရှီပြီး ရန်ပုံငွေအခက်အခဲကြောင့် လွန်ခဲ့သည့် ၈ နှစ်မှစ၍ ကပြဖျော်ဖြေခြင်းကို ရပ်နားခဲ့ရသည်။ “ဒီနေ့က...

မြိတ် သပိတ်မှောက်ကျောင်းသား မိဘကို လက်မှတ်ထိုးခိုင်းမှု ပြန်တောင်းပန်

မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၏ အမိန့်ဖြင့်ဟုဆိုကာ ကျောင်းသားများဆန္ဒပြနေသည်ကို မိဘများ သိရှိခြင်း ရှိမရှိ လက်မှတ်ရေးထိုးခိုင်းခဲ့မှုကို မြိတ်တက္ကသိုလ်ကပြန်လည် တောင်းပန်ခဲ့ကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ မြိတ်တွင် သပိတ်မှောက်ကျောင်းသားများအား ဆက်လက် ဆန္ဒပြခြင်းမလုပ်ရန် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညက သပိတ်စစ်ကြောင်းပါ ဆန္ဒပြကျောင်းသားကျောင်းသူများ၏ မိဘများကို ၀န်ခံဂတိ...

မြိတ်- ရန်ကုန် အဝေးပြေးယာဉ်လိုင်းတချို့ ယာဉ်ထွက်ခွာချိန် ပြောင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန် မြို့သို့ ပြေးဆွဲနေသော အဝေးပြေးမှန်လုံ ခရီးသည်တင်ယာဉ်လိုင်း တချို့သည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး အချိန်ပြောင်း ပြေးဆွဲလာကြကြောင်း အဆိုပါ ယာဉ်လိုင်းများ ထံမှ သိရသည်။ ယခင်က နံနက် ၃ နာရီတွင် မြိတ်မြို့မှ ထွက်ခွာလေ့ရှိသည့် ယာဉ်လိုင်းများသည် လက်ရှိတွင်...

မြိတ် ကျောင်းသား သပိတ်ကို မီးသတ်ကားဖြင့် အာရုံပြောင်း

မြို့ပေါ်လူထု အာရုံထွေပြားသွားစေရန် မြိတ်တက္ကသိုလ်ကျောင်းသားများ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက စတင် ဆန္ဒပြနေစဉ် မီးလောင်နေသည်ဟု အာရုံပြောင်းခံရကြောင်း ကျောင်းသားသပိတ်နှင့် အတူလိုက်ပါသည့် ဒေသခံများထံမှ သိရသည်။ သပိတ်မှောက် ကျောင်းသားများ မြိတ်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှ ပြန်ထွက်စဉ် မီးလောင်နေသည်ဟုဆိုကာ ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံးမှ မီးသတ်ကား လေးစီး ဥသြဆွဲကာရောက်လာခဲ့ပြီး ကျောင်းအရှေ့တွင် ဟောပြောရန်...

တနင်္သာရီတွင် အလုပ်သမား ကြိုပို့ ယာဉ်တစ်စီးတိမ်းမှောက်၊ တစ်ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ထုံခါကျေးရွာအနီး မိုင်တိုင်အမှတ် ၆၇/၀ တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ခန့်က အလုပ်သမားကြိုပို့   မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သဖြင့် အသက် ၁၅ စ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၆...

မြိတ်တွင် ငရုတ်သီးစိမ်းရည်ဖြင့်ပက် ရွှေဆိုင်လု

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ် စည်ပင်သာယာရေးပိုင်   အောင်မင်္ဂလာဈေးအတွင်းရှိ တော်ဝင်သူရတနာရွှေဆိုင်တွင်အသက် လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ဦးက ဆိုင်ပိုင် မျက်နှာအား ငရုပ်သီးစိမ်းရည်များဖြင့် ပက်လောင်း၍ ရွှေထည်ပစ္စည်းများအား ၀င်ရောက် လုယက်ခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် အသက်...

ပုလောမီးလောင်မှု နေအိမ် ၇၀ ကျော် ဆုံးပါး

မြိတ်ခရိုင် ပုလောမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်၊ မြ၀တီလမ်းနှင့် ဗိုလ်အောင်ချိုလမ်းရှိ နေအိမ်တစ်လုံးတွင် အိမ်နောက်ဖေး မီးဖိုချောင်မှ တဆင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ခုနှစ်ဆယ်ကျော် ပါသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ ပုလောမြို့နယ် အမှတ်(၁) ရပ်ကွက်၊ မြ၀တီလမ်းနှင့်...

မြိတ်အဝေးပြေးကားဝင်း အနောက်ဘက်မြေဈေး သိန်းတစ်ရာဝန်းကျင် အထိ ဈေးပေါက်

မြိတ်မြို့မြိတ်တောင် ကျေးရွာအုပ်စု လေယာဉ်ကွင်း အနီးရှိ အဝေးပြေးကားဝင်း အနောက်ဘက် ရပ်ကွက်ရှိ မြေယာများ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိ ဈေးပေါက်နေသည်ဟု ယင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ရပ်ကွက်နေသူ တချို့ထံမှသိရသည်။ အဝေးပြေးကားဝင်းအနောက်ဘက် ချောင်းနားကပ် နေအိမ်များမှာ ပေ၂၀၊ ပေ၆၀ရှိ မြေတစ်ကွက်ကို အများဆုံးကျပ်သိန်းခြောက်ဆယ်ခန့်ထိရှိပြီး လမ်းသွယ်များတွင်တစ်ကွက်ကို ကျပ်သိန်းတစ်ရာခန့်ပေါက်ဈေးရှိသည်ဟု...

မြိတ်သေနတ်ပစ်အသင်း စဖွဲ့

မြိတ်၌ မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း (ယာယီ) အား စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယင်း အားကစားအသင်း၏ တာဝန်ခံတစ်ဦးထံမှ သိရသည်။ မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း (ယာယီ) ကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် နိုင်ငံအဆင့် အထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းစေရေး ရည်ရွယ်၍  ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သေနတ်ပစ်အားကစားကွင်း တာဝန်ခံ ဦးထိန်လင်းက ရှင်းပြသည်။ အဆိုပါ...