မော်လမြိုင်တွင် လိုအပ်ချက်၏ သုံးပုံတစ်ပုံကျော်သာ ရေ ပေးဝေနိုင်

မွန်ပြည်နယ် မော်လမြိုင်မြို့၏ တစ်နေ့ ရေလိုအပ်ချက် ဂါလံပေါင်း သိန်း ၄၀ ရှိသော်လည်း မြို့နေလူထု၏ ရေလိုအပ်ချက်၏ သုံးပုံတစ်ပုံကျော်သာ ပေးဝေနိုင် ကြောင်း မော်လမြိုင်မြို့နယ်  စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။   လူဦးရေ နှစ်သိန်းခန့်ရှိသည့် မော်လမြိုင်မြို့၏ ရေလိုအပ်ချက် နေ့စဉ် ဂါလံပေါင်း သိန်း ၄၀...

ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြားချက် ဌာနဆိုင်ရာ မလိုက်နာဟုဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာတွင် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေများအနက် ၁၅ ဒသမ ၂၇ ဧကကို မူလပိုင်ရှင်ထံ ပြန်ပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ညွှန်ကြားထား သော်လည်း သက်ဆိုင်ရာဌာနက လိုက်နာမှု မရှိကြောင်း လယ်သမားများထံမှ သိရသည်။ အထက်ပါ ဦးစီးဌာနနှင့် လယ်သမားတို့ကြား အငြင်းပွားနေသည့်မြေပြဿနာနှင့်...

အဓမ္မပြု သတ်ဖြတ် ခံရသည့် ကျောင်းဆရာမ နှစ်ဦး အတွက် မေတ္တာပို့ ၀တ်ပြု ဆုတောင်းပွဲ မော်လမြိုင်တွင် ကျင်းပ

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအား ရည်စူးသည့် မေတ္တာပို့ ၀တ်ပြုဆုတောင်းပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ရှိ ကျိုက်သုတ်စေတီတော် ရင်ပြင်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီက ကျင်းပခဲ့သည်။ မွန်ပြည်နယ်လူငယ်ကွန်ရက်၊ မွန်အမျိုးသမီးကွန်ရက်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ...

ရေး ကျောက်မီးသွေးစက်ရုံ အပေါ် ပြည်နယ်အစိုးရ ရပ်တည်ချက် လာမည့် လွှတ်တော်တွင် မေးမည်

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့နယ် အံဒင် ကျေးရွာအနီးတွင် Toyo – Thai ကုမ္ပဏီက တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေး ကျောက်မီးသွေး စက်ရုံ အပေါ် ပြည်နယ်အစိုးရ၏ ရပ်တည်ချက်ကို လာမည့် မွန်ပြည်နယ် လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် မေးမြန်းမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်...

မွန်ဈေးကွက်ရှိ ဆိုးဆေးပါ ငါးပိတချို့ ဆက်မရောင်းရန် တားမြစ်

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ငါးပိများအနက် စားသုံးရန် မသင့်သည့် ဆိုးဆေးသုံးစွဲထားသည့် ငါးပိ ၃ မျိုးကို ဆက်လက် မရောင်းချရန် ဆိုင်ပိုင်ရှင်များကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာစိုးနိုင်က ပြောသည်။ အထက်ပါ...

မွန်တွင် ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

ပအို့ဝ်တိုင်းရင်းသားတို့၏ ပထမဆုံးအကြိမ် နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၌ ပအို့ဝ်တိုင်းရင်းသား အများဆုံးနေထိုင်ရာ သထုံမြို့တွင် ကျင်းပသွားမည်ဟု မွန်ပြည်နယ် ပအို့စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ  ဦးခွန်ရွှေသင်းထံမှ သိရသည်။ မြန်မာနိုင်ငံဒေသအနှံ့တွင် နေထိုင်နေကြသည့် ပအို့ဝ်တိုင်းရင်းသားများ စုံညီစွာတွေ့ဆုံကြပြီး ချစ်ခင်ရင်းနှီးမှု စည်းလုံးညီညွတ်မှုရရှိစေရန် အဓိကရည်ရွယ်ချက်ဖြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အထက်ပါ ဥက္ကဋ္ဌက...

မွန်ပြည်နယ်တွင် အူရီဒူးလာသော်လည်း MPT ရောင်းအားကောင်းဆဲ

မွန်ပြည်နယ်တွင် အူရီဒူး ဖုန်းကတ်များ အသုံးပြုနိုင်ပြီဖြစ်သော်လည်း MPT ဖုန်းကတ်များ ရောင်းအားကောင်းနေဆဲဖြစ်ကြောင်း မော်လမြိုင်မြို့ရှိ ဖုန်းကတ်အရောင်းဆိုင်ပိုင်ရှင်တို့က ပြောသည်။ မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် အူရီဒူး ဖုန်းကတ်များကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလခန့်က စတင်အသုံးပြုနိုင်ခဲ့ပြီး ဇန်နဝါရီလ ၇ ရက်နေ့မှစကာ မွန်ပြည်နယ် မြို့နယ် ၆ မြို့နယ်တို့တွင်...

မြို့ရေပေးစီမံကိန်းကို ထိခိုက်နိုင်သဖြင့် ခနောက်စိမ်းသန့်စင်စက်ရုံ မွန်ပြည်နယ်အစိုးရ ဆောက်ခွင့်မပြု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ မြို့ရေပေးဝေရေးစီမံကိန်းကို ထိခိုက်စေနိုင်သည့် ခနောက်စိမ်းသန့်စင်စက်ရုံများကို မော်လမြိုင်စက်မှုဇုန်တွင် ဆောက်လုပ်ခွင့်ပေးမည်မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ထားသည်ဟု မွန်ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဌာနမှ သိရသည်။ မော်လမြိုင်မြို့ ရေပေးစီမံကိန်းသည် စက်မှုဇုန်၏ အောက်ဘက်တွင် တည်ရှိနေသည့်အတွက် ၄င်းစက်ရုံမှ စွန့်ပစ်ပစ္စည်းများ မြစ်ရေအတွင်းသို့ စီးဝင်နိုင်ပြီး ထိုမြစ်ရေကို အသုံးပြုနေသည့် မြို့နေလူထုတွေကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု...

အံဒင် ကျောက်မီးသွေး စက်ရုံ ကန့်ကွက်လက်မှတ် ၃၀၀၀ ကျော် မွန်လွှတ်တော်နှင့် အစိုးရထံ ပေးပို့

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေး ဓာတ်အားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ လက်မှတ် ၃၀၀၀ ကျော်ကို ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့(YSS) က ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရနှင့် လွှတ်တော်ထံ ပေးပို့လိုက်သည်။ YSS က...

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ ပထမဆုံးအကြိမ်တွေ့ဆုံ

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းခန့်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ကမ်းလှမ်းမှုဖြင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနှင့် တွေ့ဆုံခြင်းသာဖြစ်ပြီး အခြားအကြောင်းအရာများ ထူးထူးခြားခြား ဆွေးနွေးမှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ...