မော်လမြိုင် တက္ကသိုလ် အမျိုးသားပညာရေး ဥပဒေဆွေးနွေးပွဲ ဝေဖန်သံထွက်

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်း ဆွေးနွေပွဲနှင့် ပတ်သက်ပြီး ယင်းပွဲတက်ရောက်သည့် ကျောင်းသားများ ကြားတွင် “ဆွေးနွေးပွဲမဟုတ် ထောက်ခံပွဲ”ဟု ဝေဖန်လျက်ရှိသည်။ မော်လမြိုင်တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသည့် ယင်းဆွေးပွဲကို တက်ရောက်သည့် ကျောင်းသားများ သည် ဆရာဆရာမများ၏ ညွှန်ကြားချက်ကြောင့်သာ တက်ခဲ့ရပြီး မည်သည့်အကြောင်းအရာကို ဆွေးနွေးဟောပြောမည်ကို...

လွှတ်တော်တွင်း တပ်မတော်သား ကိစ္စ မွန်လူထု မသိဆုံး

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသည်ကို မွန်ပြည်သူအများစု မသိရှိ ကြကြောင်း The Asia Foundation ၏ ကောက်ခံသည့် စစ်တမ်းအရသိရသည်။ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် အနေအထား သိ၊မသိကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ လူပေါင်း...

ပထမဆုံးအကြိမ် ပအိုဝ့်အမျိုးသားနှီးနှောဖလှယ်ပွဲ သထုံတွင် ကျင်းပ

မြန်မာနိုင်ငံဒေသ အနှံ့အပြားရှိ ပအိုဝ်းတိုင်းရင်းသားများ စုံညီစွာ တွေ့ဆုံနိုင်သည့် ပထမဆုံးအကြိမ် ပအိုဝ်း တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၌ ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်ရာ သထုံမြို့ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။ ဒေသအနှံ့ရှိ ပအိုဝ်းတိုင်းရင်းသားများ စုံညီစွာတွေ့ဆုံကြပြီး ပအိုဝ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှု စည်းလုံးညီညွတ်မှုရရှိစေကာ ပအိုဝ်းအမျိုးသားများ...

ရေးတွင် ဆက်ကြေးကောက်ဟု YSS ပြော

ရေးမြို့နယ် တောင်ပိုင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဒေသ ဓနိကြား၊ ကျောက်ထရံ၊ မကျီး၊ မကျီးချောင်းဝ ကျေးရွာများတွင် လက်နက်ကိုင်တစ်ဖွဲ့ အင်အား ၁၂ ဦးခန့်က ဆက်ကြေးများ ကောက်ခံနေကြောင်း ကြားသိရကြောင်း ရေးလူမှုအကျိုးဆောင်အဖွဲ့ (YSS) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ထုတ်ပြန်ထားသည်။ ကျောက်ထရံကျေးရွာကို ၆၅ သိန်း...

NLD နှင့် မွန်ပါတီ ကျောင်းသားသပိတ်တွင် မပါရန် မွန် နယ်/လုံဝန်ကြီး သတိပေး

အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်နေကြသည့် ကျောင်းသားအဖွဲ့များနှင့် ပူးပေါင်းပါဝင်မှုမပြုရန်  မွန်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ခေါ်တွေ့ သတိပေးခဲ့ကြောင်း မွန်အမျိုးသားပါတီထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့မှ ကျောင်းသားများဦးဆောင်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌...

တနင်္သာရီတွင် မွန်လူဦးရေ သုံးပုံနှစ်ပုံခန့် နိုင်ငံသားစိစစ်ရေးကတ်မရှိ

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ကောက်ခံရရှိခဲ့သည့် မွန်လူဦးရေများအနက် သုံးပုံ နှစ်ပုံခန့်သည် နိုင်ငံသားစီစစ်ရေးကတ် မရှိကြသေးသူများဖြစ်သည်ဟု မွန်လူဦးရေစာရင်း ပြုစုရေးကော်မတီက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မွန်လူဦးရေစာရင်းအမှန် သိရှိနိုင်ရန်နှင့် မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တဦး ရွေးချယ်ခံနိုင်ခွင့် ရရှိနိုင်ရန်အတွက် မွန်လူဦးရေစာရင်း ပြုစုရေးကော်မတီတို့မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလထိ ကောက်ခံခဲ့ရာ မွန်လူဦးရေ...

သံလွင်မြစ်ကြောင်းရှင်းသည်ဟုဆိုကာ သဲစုပ်သဖြင့် လယ်ဧက ၈၀၀ ခန့် ပျက်စီး

သံလွင်မြစ်ကြောင်း ရှင်းလင်းသည်ဟုဆိုပြီး မြစ်အတွင်း သဲစုပ်ယူနေမှုကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း) အနီးရှိ ဟင်္သာကျွန်း၌ လယ်မြေဧက ၁၀၀ ခန့် လုံးဝပျောက်ကွယ်သွားပြီး ဧက ၇၀၀ ခန့် ပျက်စီးသွားသည်ဟု  ချောင်းဆုံမဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။   သဲစုပ်ယူမှုကြောင့် သံလွင်မြစ်ကြောင်း...

လာမည့်ရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် မွန်ဝန်ကြီးတစ်ဦးရွေးချယ်ရေး စိစစ်

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားဝန်ကြီး ရွေးချယ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့ထံ တိုင်းအတွင်းရှိ မွန်လူဦးရေစာရင်းကို တင်ပြထားသဖြင့် စိစစ်နေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မွန်လူဦးရေစာရင်း ကောက်ခံရေးအဖွဲ့တို့ထံမှသိရသည်။ ၂၀၁၄ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကောက်ခံရရှိသည့်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီးအတွင်း မွန်လူဦးရ...

မွန်အမျိုးသားပါတီကို မဟာမိတ်အဖြစ် ပူပေါင်းမည်ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌပြော

မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီနည်းတူ မွန်လူမျိုးအကျိုးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးပါတီတစ်ခုဟု ရှုမြင်သဖြင့် မဟာမိတ်ပါတီအဖြစ် အသိအမှတ်ပြုကာ လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌက ပြောသည်။ ဇန်န၀ါရီလ ၂၈ ရက်နေ့မှ စပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးနေရာတွင် စတင်ကျင်းပနေသည့် မွန်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ညီလာခံတွင်...

ဘားအံတွင် ဗိုလ်ကြီး တစ်ဦးအပါအ၀င် မူးယစ်ဆေးပြား ကိုးထောင်ကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်းတွင် အမှတ် (၂၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးတဦးလည်း အပါအ၀င် မူးယစ်ဆေးဝါး ၉၂၂၉ ပြား ဖမ်းဆီးရမိခဲ့ပြီး ၄င်းတွင် ခရရ(ဘအ) အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့ဝင်များ၊ မှုခင်း...