ရေးတွင် ဆက်ကြေးကောက်ဟု YSS ပြော

0
839

ရေးမြို့နယ် တောင်ပိုင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဒေသ ဓနိကြား၊ ကျောက်ထရံ၊ မကျီး၊ မကျီးချောင်းဝ ကျေးရွာများတွင် လက်နက်ကိုင်တစ်ဖွဲ့ အင်အား ၁၂ ဦးခန့်က ဆက်ကြေးများ ကောက်ခံနေကြောင်း ကြားသိရကြောင်း ရေးလူမှုအကျိုးဆောင်အဖွဲ့ (YSS) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ထုတ်ပြန်ထားသည်။

10516621_448353528652748_4833350553587775362_n

ကျောက်ထရံကျေးရွာကို ၆၅ သိန်း တစ်ကြိမ် ၄၀ သိန်း တစ်ကြိမ် နှစ်ကြိမ်ကောက်ခံခဲ့ကြောင်း၊ မကျီးကျေးရွာတွင် လည်း ခုရက်ပိုင်းအတွင်း ကျပ် ၆၅ သိန်းဆက်ကြေးပေးရန်တောင်းခံထားကြောင်း ၎င်းက ရေးသားထားသည်။

ယခု ကောက်ခံနေသော အဖွဲ့သည် မွန်ချမ်းဦးဆောင်သော အဖွဲ့ဟု သိရပြီး ယခင် အလင်းဝင်ခဲ့သော အဘင်းအဖွဲ့မှ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ၎င်းတို့လှုပ်ရှားနေသည့် ဧရိယာအတွင်း အစင်နှင့် ချောင်း
တောင်ရွာများမှ လှေ ၃ စီးကို ပြန်ပေးဆွဲခဲ့သေးကြောင်း ဦးအောင်နိုင်ဝင်းကဆိုသည်။