BREAKING
June 1, 2025

နိုင်ငံတကာသတင်း

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မုတ်သုံမိုးကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံး

Dawei Watch

June 1, 2025

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် နှစ်ရက်တာအတွင်း မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များကနေ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုသည်။ အာသံပြည်နယ်တွင် လူ ၈ ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက ဆိုသည်။ အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် ၉ ဦး သေဆုံးခဲ့ရပြီး အများစုမှာ မြေပြိုမှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်မှ မြေပြိုမှုတစ်ခုတွင် နောက်ထပ် လူ ၅ ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်များက ဆိုသည်။ မေဃာလယပြည်နယ်တွင်လည်း လူ ၆ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 31, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၂၄ ရက်မှ ၃၀ ရက်အထိ အပစ်ရပ်ရေး အမေရိကန် အဆိုပြုချက် ဟားမတ်စ် လက်မခံ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်အနေနဲ့ လက်မခံသေးဘူးလို့ ခေါင်းဆောင်အဖွဲ့ဝင်ထဲက ထုတ်ပြောလိုက်ပါတယ်။ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ရဲ့ အစီအစဉ်သစ်ကို အစ္စရေးဘက်က သဘောတူထားတာပါ။ ဒီသဘောတူချက်ကို ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်တုံ့ပြန်ချက်ရဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ သဘောတူညီချက်ထဲမှာ ဟားမတ်စ်ဘက်က ဖမ်းဆီးထားပြီး အသက်ရှင်နေတဲ့ ဓားစာခံ ၁၀ ယောက်နဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၈ လောင်းကို ပြန်အပ်နှံဖို့အတွက် တောင်းဆိုထားတာပါ။ ရက် ၆၀ ကြာ […]

ဂါဇာအပစ်ရပ်ရေး အမေရိကန်အဆိုပြုချက်သစ်ကို ဟားမတ်စ် ငြင်းပယ်

Dawei Watch

May 30, 2025

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံပြန်လွှတ်ပေးရေး သဘောတူညီချက်သစ်ရရှိရေးအတွက် အမေရိကန် အဆိုပြုချက်ကို ငြင်းပယ်သွားမည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ အစ္စရေးဘက်က အဆိုပါ အဆိုပြုချက်ကို သဘောတူညီထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအဆိုပြုချက်အပေါ် ဟားမတ်စ်ဘက်က တရားဝင်တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း အိမ်ဖြူတော်က ဆိုသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက ၎င်းအနေဖြင့် အမေရိကန်၏ အဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဓားစာခံများ၏ မိသားစုများကို ပြောကြားခဲ့သည်။ အသက်ရှင်နေသေးသည့် အစ္စရေးဓားစာခံ ၁၀ ဦးနှင့် ဓားစာခံ ၁၈ ဦး၏ ရုပ်အလောင်းကို ဟားမတ်စ်ဘက်က ပြန်လွှဲ ပြောင်းပေးလျှင် အစ္စရေးဘက်က ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရမည်ဟု အမေရိကန်၏ အဆိုပြုချက်တွင် ပါရှိသည်။ ယင်းအပြင် အစ္စရေးဘက်က ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရမည်ဟုလည်း […]

ကန်အစိုးရ စွမ်းဆောင်ရည်ဌာနမှ အီလွန်မတ် နုတ်ထွက်တော့မည်

Dawei Watch

May 29, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်သူ ဘီလျံနာသူဌေး အီလွန်မတ်သည် ၎င်းဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း မေလ ၂၈ ရက်တွင် X လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ကြေညာသည်။ အီလွန်မတ်က ၎င်း၏ အထူးတာဝန် သတ်မှတ်ပြီးဆုံးသွားပြီ ဖြစ်ပြီး အပြုန်းအတီးများသည့် အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခွင့်ပေးသည့် သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်း ရေးသားပြောဆိုခဲ့သည်။ သို့သော် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) ၏ လုပ်ငန်းစဉ်များမှာ အချိန်နှင့်အမျှ အားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အီလွန်မတ် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသည်မှာ မှန်ကန်ကြောင်း အိမ်ဖြူတော်ကလည်း အတည်ပြုထားသည်။ မကြာသေးမီက ထရမ့်၏ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကြား အငြင်းပွားခဲ့ကြပြီးနောက် အီလွန်မတ်၏ ရာထူးမှ နုတ်ထွက်မည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာနတွင် အီလွန်မတ် […]

လာမည့်ဆွေးနွေးပွဲတွင် ရုရှားဘက်မှ ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ချပြမည်ဟုဆို

Dawei Watch

May 29, 2025

ယူကရိန်းစစ်အဆုံးသတ်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက်များ ပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ယူကရိန်းဘက်သို့ ချပြသွားမည်ဟု ရုရှားအစိုးရက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ လာမည့် ဇွန်လ ၂ ရက်နေ့တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်မည့် ရုရုားနှင့် ယူကရိန်းအကြား ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် အဆိုပါ မူကြမ်းကို ချပြသွားမည်ဟု သိရသည်။ ရုရှားဘက်မှ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယူကရိန်းဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ ယူကရိန်းစစ်အဆုံးသတ်ရေးနှင့် ပတ်သက်၍ သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ မကြာသေးခင် ရက်သတ္တပတ်များအတွင်း အရှိန်မြှင့်တက်လာခဲ့သည်။ ယခုနှစ် မေလ ၁၆ ရက်တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ယူကရိန်းနှင့် ရုရှားဘက်မှ နှစ်ဖက်ကိုယ်စားလှယ်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းမှာ […]

တရုတ်ကျောင်းသားဗီဇာအားလုံးကို အမေရိကန် ပယ်ဖျက်သွားမည်

Dawei Watch

May 29, 2025

အမေရိကန်အစိုးရက တရုတ်ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ကြေညာလိုက်သည်။ ယင်းမှာ ယခုနောက်ဆုံးထွက်ပေါ်လာသည့် အမေရိကန်အဆင့်မြင့်ပညာရေးအပေါ် ထရမ့်အစိုးရ၏ ထိုးနှက်တိုက်ခိုက်မှုဖြစ်သည်။ ကမ္ဘာအနှံ့မှ ကျောင်းသားများအတွက် ဗီဇာအင်တာဗျူးရက်ချိန်းများကို ရပ်ဆိုင်းမည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ဝေဖန်ခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသားများတွင် တရုတ်ကျောင်းသားများမှာ အများဆုံးဖြစ်သည်။ တရုတ်ကျောင်းသားများ၏ ဗီဇာဖျက်သိမ်းမှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုသည်။ ယင်းသို့ ဗီဇာဖျက်သိမ်းခံရမှုတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသည့် ကျောင်းသားများ ၊ နိုင်ငံရေးအရ အရေးကြီးဘာသာရပ်များကို လေ့လာနေသည့် တရုတ်ကျောင်းသားများလည်း အပါအဝင် ဖြစ်သည်ဟု ၎င်းက ပြောသည်။ ဗီဇာထုတ်ပေးသည့် သတ်မှတ်ချက်များကိုလည်း ပြင်ဆင်ပြောင်းလဲသွားမည်ဟုလည်း ၎င်းက ပြောသည်။ […]

ကျောင်းသားဗီဇာ လျှောက်ထားသူများကို ရက်ချိန်းပေးမှု အမေရိကန် ရပ်ဆိုင်း

Dawei Watch

May 28, 2025

နိုင်ငံတကာရှိ အမေရိကန်သံရုံးများတွင် ကျောင်းသားဗီဇာလျှောက်ထားသူများအတွက် ရက်ချိန်းပေးမှုကို ရပ်ဆိုင်းရန် ထရမ့်အစိုးရက မေလ ၂၇ ရက်နေ့က အမိန့်ထုတ်လိုက်သည်။ ယင်းမှာ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားရန် ကျောင်းသားဗီဇာလျှောက်ထားသူများ၏ ဆိုရှယ်မီဒီယာအကောင့်များတွင် ထရမ့်အစိုးရကို ဝေဖန်ထားခြင်းရှိမရှိ စစ်ဆေးကြည့်ရှုရန်အတွက် ယင်းသို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ အမိန့်မှာ နောက်ထပ်ညွှန်ကြားချက် မထွက်ပေါ်သရွေ့ ဆက်ရှိနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောဆိုကြောင်း သိရသည်။ အမေရိကန်တက္ကသိုလ်ကျောင်းသားဗီဇာနှင့် နိုင်ငံခြား exchange program ဗီဇာများအတွက် ဆိုရှယ်မီဒီယာအကောင့်များအား စစ်ဆေးကြည့်ရှုမှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ရက်ချိန်းမရသေးသည့် ကျောင်းသားဗီဇာလျှောက်ထားမှုအားလုံးကို ပယ်ဖျက်ရန် ၊ ရက်ချိန်းရထားပြီးသား ဗီဇာလျှောက်ထားမှုများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း သိရသည်။ ကျောင်းသားဗီဇာလျှောက်ထားသူအားလုံး၏ ဆိုရှယ်မီဒီယာအကောင့်များကို စစ်ဆေးစောင့်ကြည့်မှုများ တိုးချဲ့ဆောင်ရွက်သွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက […]

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တရုတ်၏ကြွေးမြီဝန်ထုပ်ဝန်ပိုး စံချိန်တင်မြင့်တက်

Dawei Watch

May 27, 2025

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ တရုတ်ကြွေးမြီ ဝန်ထုပ်ဝန်ပိုးမှာ ၂၀၂၅ ခုနှစ်တွင် စံချိန်တင်မြင့်တက်လာကြောင်း ဩစတြေးလျအခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးထုတ်ပြန်လိုက်သည်။ ၂၀၁၀ ပြည့်နှစ်လွန်ကာလများတွင် တရုတ်အစိုးရသည် ၎င်းတို့၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အရ အာဖရိတိုက်မှ တောင်ပစိဖိတ်ဒေသနိုင်ငံများအထိ အခြေခံအဆောက်အအုံ စီမံကိန်းအမြောက်အများအတွက် ငွေအလုံးအရင်း ထုတ်ချေးထားခဲ့သည်။ သို့သော် လက်ရှိတွင် တရုတ်အစိုးရ၏ ပြည်ပကြွေးမြီထုတ်ချေးမှုများမှာ ကျဆင်းလာနေကာ ဖွံ့ဖြိုးဆဲနိုင်ငံများက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီများသာ စုပြုံတိုးပွားလာနေကြောင်း Lowy Institute ၏ သုတေသန တွေ့ရှိချက်က ဆိုသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံး ၇၅ နိုင်ငံက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ ရှိကြောင်း အဆိုပါ သုတေသနက တွေ့ရှိခဲ့သည်။ […]