ငါးဝယ်သွားသည့် သစ်တိုထောင့်ရွာသားနှစ်ဦး အသတ်ခံရ

ရေဖြူမြို့နယ် သစ်တိုထောင့်ရွာနေ ဒေသခံအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ငါးဝယ်သွားစဉ် ဇွန်လ ၆ ရက်နေ့နံနက်က ပစ်သတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ဒေသခံများ၏ အဆိုအရ ယင်းအမျိုးသားနှစ်ဦးမှာ ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်သည့် ဘဝါကျေးရွာတွင် ငါးသွားဝယ်ရာမှ ပျောက်ဆုံးသွားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လုပ်မည်ဟုဆို

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တပ်ကောင်စီ ခေါင်းဆောင်က ပြောကြားလိုက်သည်။ ဇွန်လ ၁ ရက်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောဆိုခဲ့ ခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးတွင် အမျိုးသားတစ်ဦးကို သေနတ်ပစ်ဖမ်းရန် ကြိုးပမ်း

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ယင်းအမျိုးသားမှာ လွတ်မြောက်သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းအနီး ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော...
Dawei Watch, Dawei News, Dawei News Media

ကျောက်မော်ကြီးရပ်ကွက် ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရ

ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်၊ လမ်းသစ်လမ်းတွင် မေလ ၁၇ ရက် မနက်က ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရကြောင်း ၎င်းတို့၏ မိသားစုဝင်ထံမှ သိရသည်။ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ရဲနှင့် စစ်သားများက ကားလေးစီးဖြင့်...
Dawei Watch, Dawei News, Dawei News Media

လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့်...
Dawei Watch, Dawei News, Dawei News Media

ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ထားဝယ်မြို့ဝင်ထွက် ခွင့်ပြုမည်ဟု တင်းကြပ်၍ ပြည်သူများ အခက်တွေ့

ထားဝယ်မြို့အဝင်ဂိတ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားခွင့်ပြုမည်ဟု တင်းကြပ်ထားသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။ အဆိုပါမြို့ဝင်ဂိတ်များအား ဖြတ်သန်းသွားလာရာတွင် ယခင်က ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်အချက်များမှတ်သားပြီး မှတ်ပုံတင်ပြကာ သွားနေရာမှ လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း မိုးကြီး၍ မြေပြိုနိုင်ဟု မိုးဇလ သတိပေး

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းမှုများပြားသည့်အတွက် မြေပြိုသည့်အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၆ ရက် နေ့လယ်က ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းလာနိုင်သဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၃...
Dawei Watch, Dawei News, Dawei News Media

ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျေးရွာအုပ်စု အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်သိန်း ခေါ် ဦးအာလူးကို ယနေ့ နံနက်...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာကွယ်ဆေး တနင်္သာရီတိုင်းခွဲတမ်း မသိရသေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သော ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှကို တနင်္သာရီတိုင်းက ရရှိမည်ကို မသိရသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။ ကာကွယ်ဆေးများ ဇန်နဝါရီ ၂၂ ရက်တွင်...
Dawei Watch, Dawei News, Dawei News Media

ပျောက်ဆုံး သရက်နှစ်ခွ ရွာသားနှစ်ဦး ရဲစခန်းတွင် ပြန်တွေ့

ဇွန်လ ၂၇ ရက်နေ့ကတည်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် တစ်ပတ်အကြာ အဆက်အသွယ်မရ ဖြစ်နေသော သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာသားနှစ်ဦးကို သရက်ချောင်းမြို့မ ရဲစခန်းတွင် ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ သရက်ချောင်းမြို့မှ ရဲစခန်းမှ ဇူလိုင်လ ၅...