ကိုဗစ်ကာကွယ်ဆေး တနင်္သာရီတိုင်းခွဲတမ်း မသိရသေး

0
133
Dawei Watch, Dawei News, Dawei News Media

မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သော ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှကို တနင်္သာရီတိုင်းက ရရှိမည်ကို မသိရသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။

ကာကွယ်ဆေးများ ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး မကြာမီ တိုင်းနှင့် ပြည်နယ်များသို့ ဖြန့်ဝေရန်ရှိကြောင်း အစိုးရက ဆိုထားသည်။

သို့သော် တနင်္သာရီခွဲတမ်း မသိရ သေးဘဲ ကာကွယ်ဆေးရောက်ချိန်တွင် ထိုးနှံနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန် အကြောင်းကြားချက်သာ ရောက်ရှိသေးကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

“တရားဝင်တော့ ခွဲတမ်းစာရင်းတွေတော့ မလာသေးဘူးခင်ဗျား။ ညွှန်ကြားချက်လည်း မရှိသေးဘူးခင်ဗျား” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ကာကွယ်ဆေးအား ကျန်းမာရေး ဝန်ထမ်း၊ ကိုဗစ်တိုက်ဖျက်ရေးတွင် လုပ်ဆောင်နေသည့် စေတနာ့ဝန်ထမ်း၊ အစိုးရအဖွဲ့ဝင်များ စသည့် လူအုပ်စုများ ကို ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ် ကာကွယ် ဆေးထိုးနှံမည့် ကျန်းမာရေး ဝန်ထမ်း ၂၅၀ဝ ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းမင်းက ဆိုသည်။

မြန်မာနိုင်ငံသို့ ပထမအသုတ် ရောက်လာသော ကာကွယ်ဆေး တစ်သန်းခွဲရှိပြီး လူခုနစ်သိန်းခွဲကို စတင်ထိုးနှံမည်ဖြစ်သည်။