BREAKING
July 27, 2024
EN MM

သရော်စာ

တနင်္သာရီဘိုးဘိုးကြီး၏ တနင်္သာရီဟောကိန်း

Dawei Watch

April 11, 2024

ဒဏ်ရာများစွာနဲ့ နာကျင်စွာဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ချင်းနင်းဝင်ရောက်လာပါပြီ။ နာကျင်ရင်ကွဲခဲ့ရတဲ့နေ့ရက်တွေ၊ မြိုသိပ်အံကြိတ်ခဲ့ရတဲ့အချိန်၊ မရေရာတဲ့ အနာဂတ်တွေ၊ လုံခြုံမှုမဲ့တဲ့ ဘဝတွေ၊ ဈေးပေါခဲ့ရတဲ့ အသက်တွေ စတဲ့အနိဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်ဟောင်းက မကြာခင်ကုန်ဆုံးတော့မှာပါ။ ချူချာလှတဲ့ နှစ်ဟောင်းမှာ လူမစုံတော့တဲ့ ရှင်ကွဲ သေကွဲ ကွဲကွာခဲ့ရတဲ့ မိသားစုဘဝတွေကလည်း တစ်ပုံတစ်ပင်။ နှစ်ဟောင်းခြွေပြီးလို့ နှစ်သစ်ရောက်ချိန်မှာတော့ ဆယ်လမွန်ငါးတွေအိမ်ပြန်ခွင့် ရတော့မလား။ သန်းခေါင်ထက်ပိုနက်တဲ့ ညတွေ ဖြတ်သန်းရဦးမလား။ အခုနှစ်မှာ တနင်္သာရီဘိုးဘိုးကြီးကတော့….. ဒရုန်းယာဉ်ပျံကိုစီးပြီး လက်တစ်ဖက်က မီးတုတ်ကိုင်ပြီး ကျန်တစ်ဖက်က မောင်းပြန်သေနတ်ကိုင်လျက် ကျည်ကာဝတ်ပြီး ဆင်းအံ့။ နိုင်ငံရေး အလောင်းစည်သူဘွဲ့ခံ သူရူးတစ်သိုက် နေစရာမြေ ကျဉ်းမြောင်းလာပြီး ဂူတွမ်းထဲ အချိန်ကုန်အံ့။ ကောင်းကင်ပေါ်အမြဲ မော့ကြည့်ပြီး ညဘက်အိပ်ရေးပျက်လတ္တံ့။ အလောင်းစည်သူတစ်စု ပြုထားသမျှ အကုသိုလ်အကျိုးတရားနဲ့ လူထုပို့သတဲ့မေတ္တာကြောင့် […]

သရော်ခံလိုက်ရသော မူးဆေးအိုး

Dawei Watch

August 14, 2023

ဗျို့..အယ်ဒီတာ ကျွန်တော် မူးဆေးအိုးပါဗျ..။ ကျွန်တော့ကိုတော့ မမေ့လောက်ပါဘူးနော်..။ အယ်ဒီတာတို့ မီဒီယာတိုက်ကို အရပ်သားအစိုးရက တရားစွဲတဲ့အထိ မွှေခဲ့တဲ့ ကောင်ဆိုးလေး မူးဆေးအိုးလေ။ အော်..ဟုတ်ဗျ။ မတွေ့ကြတာလည်း ကြာပြီဆိုတော့ ကျွန်တော့ကိုယ်ကျွန်တော် ပြန်မိတ်ဆက်ပါမယ်။ ကျွန်တော် သရော်စာဆောင်းပါးတွေ စရေးတာ အရပ်သားအစိုးရခေတ်လို့ ပြောလို့ ရတဲ့ ၂၀၁၅ ခုနှစ်က စပေါ့ဗျာ။ တနင်္သာရီတိုင်းမှာ ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်တာဝန်ယူစဉ်တုန်းကဗျာ။ ရေးခဲ့တဲ့ သရော်စာတွေထဲကမှ တိုင်းဝန်ကြီးချုပ် အမျက်တော်ရှ၊ တနင်္သာရီဂျာနယ် တရားစွဲခံရတဲ့ “မဲဆွယ်အပြုံး” သရော်စာ ရေးခဲ့တဲ့ မူးဆေးအိုးလေဗျာ..။ တရားစွဲတာက ၂၀၁၈ ခုနှစ်လေ။ ခင်ဗျားတို့လည်း ပျော်ပျော်ကြီး အမှုရင်ဆိုင်ခဲ့ကြတယ်လေ။အဲတုန်းက ခင်ဗျားတို့က အမှုရှုံးပြီး အမြတ်ရခဲ့တယ်လေ။ မြို့နယ်တရားရုံးက ချမှတ်တာက ဒဏ်ငွေ ၅ သိန်း။ ဂျာနယ်အမည်ကို ကြေညာခမပေးရဘဲ […]

ဖား ညီလာခံ

diz_admin

August 11, 2020

ယခုနှစ် မိုးရာသီကား ဖားသတ္တဝါတို့အတွက် ထူးသည့်နှစ် ဖြစ်သည်။ ငါးနှစ်မှ တစ်ကြိမ် ကျရောက်သည့် ဖားညီလာခံ နှစ် ဖြစ်လေသည်။ ဖားညီလာခံဆိုသဖြင့် ဖားသတ္တဝါတိုင်း တက်ခွင့်ရသည် မဟုတ်ပါ။ လေးဖက်တွား သာမန်ဖားများ၊ ဖားတစ် ပိုင်းငါးတစ်ပိုင်းများ၊ ဖားလောင်းလေးများ ညီလာခံသို့ တက်ခွင့် မရပါ။ ဖားတစ်ပိုင်းလူတစ်ပိုင်းများသာ ဖားညီလာခံ တက်ခွင့် ရပါသည်။ ယင်း ဖားတစ်ပိုင်းလူတစ်ပိုင်းများသည်လည်း အားလုံးတက်ခွင့်မရပေ။ သူ့အုပ်စုနှင့်သူ စုဝေးရွေးချယ်ကာ ကိုယ်စားလှယ် စေလွှတ်ရခြင်း ဖြစ်သည်။ ဖားလောကတွင် ဖားညီလာခံ တက်ခွင့်မရလျှင် အရာမဝင်၊ အထင်ကြီး မခံရ။ သို့ကြောင့် ညီလာခံတက်ခွင့်ရရန် ကိုယ်စားလှယ်ဖြစ်ရေး ကြိုးစားကြရသည်။ ထိုသို့ ကိုယ်စားလှယ်ဖြစ်ရေးမှာ များများအော်နိုင်ရန် လိုသည်။ သို့ကြောင့် ဖားတစ်ပိုင်းလူတစ်ပိုင်းတို့ ဇွတ်အော်ကြ လေသည်။ လက်ရှိ အော်သံအကျယ်ဆုံး […]

ကျွန်တော်အမည်က မောင်သာပျော်ပါ ခင်ဗျာ့

diz_admin

July 13, 2020

မောင်သာပျော်မှာ စိတ်ကူးယဉ်ထား တဲ့ အိပ်မက်အကြီးကြီးတစ်ခုတော့ ရှိပါ တယ်။ ဒီအိပ်မက်ကြီးကို ဘယ်သူ့ကိုမှ ပြောပြဖူးတာ မဟုတ်ဘူးဗျ။ အခုတော့ မအောင့်နိုင်တော့လို့ ကြုံတုန်း ပြောပြပါ့မယ်။ ကျွန်တော့်ရဲ့အိပ်မက်ကတော့ ၂၀၇၀ ခုနှစ်မှာ သူဌေးအကြီးစားတစ်ယောက် ဖြစ် ကို ဖြစ်ရမယ်ဆိုတာပါ။ သူဌေးကြီး ဖြစ်ရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးဗျ။ သူဌေးကြီးဖြစ်ပြီ ဆိုရင် ပထမဆုံးလုပ်မယ်လို့ စိတ်ကူးထား တာက ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ကြီးတွေနဲ့ ပုဂ္ဂိုလ်ကြီးတွေဆီ ချဉ်းကပ်မယ်။ ချဉ်းကပ်ပြီးတာနဲ့ စေတနာသဒ္ဓါ ထက် ထက်သန်သန်နဲ့ နိုင်ငံတော်အတွက် ငွေ တွေ လှူပစ်မယ်လေ။ ကိုသာပျော်ကို မနာလိုတဲ့ လူအချို့ ကတော့ ပြောကြမှာပဲလေ။ အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဆိုပြီးပေါ့။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လောက် ပြောနေပါစေ။ ကိုယ့်စေတနာကို ကိုယ်ပဲ […]