တိုးတိုးလေး ခိုးကြောက်
Dawei Watch
May 6, 2025အကြောက်တရားဆိုတာက ပုထုဇဉ်တွေရဲ့ ဘဝမှာ ရှောင်လွှဲလို့ မရတဲ့အရာပါ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ကိုယ်ကြောက်တတ်မှန်း လူမသိလေ ပိုကောင်းလေလို့ ဆိုရပါလိမ့်မယ်။ လူထုတွေ ဘာကိုကြောက်တယ်ဆိုတာကို သိလေလေ အာဏာရှင်တွေ၊ နိုင်ငံရေးသမားတွေအတွက် အကျိုးရှိစေလေလေပါပဲ။ ခင်ဗျားက ပိုးဟပ်ကြောက်တယ်ဆိုပါစို့။ ပိုးဟပ်တစ်ကောင်ကို လက်ထဲမှာ ကိုင်ထားနိုင်သူက ခင်ဗျားကို ခြိမ်းခြောက်လာပါလိမ့်မယ်။ ပြီးရင် ခင်ဗျားဆီက တစ်စုံတစ်ခုကို တောင်းဆိုတော့မှာပါပဲ။ နယူးယောက်ခ်တိုင်းမ်သတင်းဌာနကြီးရဲ့ အက်ဆေးတစ်ပုဒ်ကို တလောက ဖတ်ဖြစ်တယ်။ ခေါင်းစဉ်က ‘မကြောက်ပါနဲ့’တဲ့။ ရေးတဲ့သူက အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးပါ။ သူပြောတာက ကြောက်ရွံ့ခြင်းဟာ ကျနော်တို့ကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုပြီး ခွဲခြားပေးပါတယ်တဲ့။ ဒါက ဘာကိုကြောက်လဲဆိုတာထက် ဘယ်လိုတုံ့ပြန်လဲဆိုတာအပေါ်မှာ မူတည်နေတာပါ။ ပြီးတော့ ကျနော်တို့ပတ်ဝန်းကျင်မှာ ကြောက်စရာတွေကလည်း ပေါမှပေါ။ အလုပ်တွေ ပြုတ်၊ အဖွဲ့အစည်းတွေက အားနည်း၊ ကျနော်တို့ ပြောနေဆိုနေကြတဲ့ […]