ကြက်သွန်နီဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
May 11, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးငြိမ်ပြီး ကြက်သွန်ဖြူ(ကျူကုတ်) ဈေး အနည်းငယ်မြင့်တက်လျက်ရှိသည်။ ကြက်သွန်နီ ရိုးရိုးသည်ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၃ ရက်နေ့မှစ၍တစ်ပိဿာ ၂၇၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး မြစ်သားကြက်သွန်နီမှာ တစ်ပိဿာလျင် ၃၅၀၀ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိသည်။ ကြက်သွန်ဖြူ(ကျူကုတ်)မှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာ လျှင် ၁၀၀၀ကျပ် ဈေးမြင့်တက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မေလ ၃ ရက်နေ့က ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာ ၁၄၀၀၀ကျပ်ရှိရာမှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၁၀ရက်နေ့တွင် တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြစ်သွားသည်။ ယင်းအပြင် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် အကယ်ဒမီ နွေဖြူသန့် ဆန်အမျိုးအစားမှာ ပြီးခဲ့သည့် သီတင်းပတ်မေလ ၃ ရက် နေ့က ဆန်တစ်အိတ်လျှင် ၇၆၅၀၀ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၁၀ ရက်နေ့တွင် တစ်အိတ်လျှင် ၇၇၀၀၀ကျပ်ဖြစ်သွားသည်။ ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း […]