ထားဝယ်ဒေသ၏ စက်သုံးဆီသောက
Dawei Watch
May 8, 2025မိုးစပါးစိုက်ပျိုးရန် ချိန်ရောက်လာပြီ။ တောင်သူများလက်ထဲတွင် မျိုးစပါးအဆင်သင့်၊ ဓာတ်မြေဩစာလည်း အချို့လယ်သမားတွေ ဝယ်ထားကြပြီးနေပြီ။ ထားဝယ်ခရိုင်တွင် မိုးဦးအကြိုမိုးကလည်း ခပ်ဖြိုက်ဖြိုက်ရွာသွန်းနေချေပြီ။ မကြာခင် မိုးစပါးအတွက် ထွန်းယက်ကြရပေတော့မည်။ သို့သော် တစ်ခုလိုနေသေးသည်။ စက်သုံးဆီ။ ထော်လာဂျီများမှာ စက်သုံးဆီမရှိက မည်သို့ထွန်းယက်ကြမည်နည်း။ မည်သို့စိုက်ကြ၊ ပျိုးကြမည်နည်း။ စက်သုံးဆီဝယ်မရကြသဖြင့် မြက်ခုတ်စက်ဖြင့် ရော်ဘာခြံရှင်း၊ တောခုတ်အလုပ်များလည်း ရပ်ထားကြရသည်။ ဒေသခံများ၏ တစ်ပိုင်တစ်နိုင် စက်သုံးဆီနှင့်လည်ပတ်ရသည့် အခြားစက်မှုလုပ်ငန်းများလည်း လည်ပတ်နိုင်ခြင်းမရှိကြတော့ပေ။ လယ်လုပ်မည့်တောင်သူများ၊ ရော်ဘာခြံရှင်များ စက်သုံးဆီကို အငမ်းမရလိုချင်နေကြသည်။ နိစ္စဓူဝ သွားလာလှုပ်ရှားရမည့် သူများလည်း ဆိုင်ကယ်ဆီဖြည့်ရန် စက်သုံးဆီလိုချင်နေကြသည်။ ဂါလန်ပုံးဆွဲကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် စက်သုံးဆီလိုက်လံဝယ်ယူသူတို့ မောကာပန်းကာဖြင့် အိမ်ပြန်သွားရရှာသည်။ စက်သုံးဆီကား မရရှာကြပေ။ “ရချင်လည်းရ၊ မရချင်လည်းနေဆိုပြီး ဆိုင်ရှိသမျှ လိုက်သွားတယ်။ အဲလိုသွားလည်းအလကားပဲ။ ရတာလည်းမဟုတ်ဘူး။ လိုနေသူက များနေတာကိုး” […]