BREAKING
September 21, 2024

ကြက်သွန်နီဈေးတက်လာပြီး ဆန်ဈေးလေးပတ်ဆက်ငြိမ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

December 2, 2022

ယခုသီတင်းပတ် မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ကြက်သွန်နီဈေးတက်ပြီး စားအုန်းဆီဈေးကျကာ ဆန်ဈေးမှာ ငြိမ်နေသည်။

ဆန်ကြမ်း (အကယ်ဒမီ) အဟောင်း ၂၄ပြည် တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်ဖြင့် သုံးပတ်ဆက် ဈေးအပြောင်းအလဲ မရှိသေးပေ။ ယင်းမတိုင်ခင် သီတင်းပတ်ကလည်း ငါးသောင်းကျပ် ဈေးနှုန်းရှိသဖြင့် လေးပတ်ဆက်ငြိမ်နေသည့် သဘောရှိသည်။

သို့သော် ယခုပတ်တွင် အသစ်ဝင်လာသည့် ဆန်ကြမ်းဈေးနှုန်းတစ်အိတ်လျှင် ၄၈၀၀၀ ကျပ်အထိ ဈေးပေါက် နေသည်။

ကြက်သွန်နီတစ်ပိဿာလျှင် ပြီးခဲ့သည့်ပတ်က ၄၇၀၀ ကျပ်ရှိရာမှ ယခုပတ်တွင် ၅၂၀၀ ကျပ်အထိ ဈေးတက်လာသည်။

ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါဈေးနှုန်း အရင်အပတ်က ၆၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀၀ ကျပ်သို့ ဈေးကျဆင်းလာခဲ့သည်။

ငရုတ်သီးခြောက် (ရွှေအပ်) နှင့် ငရုတ်သီးခြောက် (ငရုပ်ပု) ဈေးတို့ ကျပ်ရာဂဏန်းမျှသာ ကျဆင်းခဲ့သည်။

နို့ဆီ၊ နို့စိမ်းဈေး အနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်စားသောက်ကုန်အများစု ဈေးတည်ငြိမ်နေသည်။