မိဘတွေရဲ့ အကြွေးကြောင့် ခေတ်သစ်ကျွန်ပြုခံလိုက်ရတဲ့ ကလေးတွေ

0
3375

ထားဝယ်ခရိုင်က အသက် ၁၃ နှစ်အရွယ် ကောင်မလေးဟာ အလုပ်ရှင်တွေရဲ့ ရိုက်နှက်မှုကြောင့် သတိမေ့လဲသွားလို့ ဆေးကုသမှုခံယူနေရပါတယ်။

သူမ၏မိဘတွေက အကြွေးတွေမဆပ်နိုင်လို့ သူမနှင့်အတူ ညီအစ်မသုံးဦးလုံးကို အပေါင်ပစ္စည်းအဖြစ် သူဌေးဆီမှာ ထားခဲ့ရတာပဲဖြစ်ပါတယ်။

ဒီလိုကိစ္စရပ်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယိုင်နဲ့သွားတဲ့ နိုင်ငံစီးပွားရေးနဲ့အတူ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မိသားစုတွေရဲ့ ပြသာနာတွေကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/B_D9_dkjK-s