တပေါင်းလပြည့်က ထားဝယ်တွင်မွေးဖွားခဲ့သည့် ကလေးသုံးမွှာပူးတွင် တစ်ဦးကွယ်လွန်

0
665

တပေါင်းလပြည့် (မတ် ၂၄)နေ့က ထားဝယ်မြို့၊ မြင့်မိုရ်ဦး ဆေးရုံတွင် မွေးဖွားခဲ့သည့် ယောက်ျားကလေးသုံးမွှာပူးအနက် မတ် ၂၈ ရက်က တစ်ဦးကွယ်လွန်သွားကြောင်း ၎င်းတို့၏မိသားစုထံကသိရသည်။

မတ်လ ၂၆ ရက်က ရုတ်တရက်နေမကောင်းဖြစ်လာသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ပြီး ဆေးကုသရင်း ၂ ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ ကလေး နေမကောင်းဖြစ်ပြီး ဆုံးသွားတာပါ။ ဆရာမတွေလည်း အစွမ်းကုန်ကုသပေးခဲ့ကြပါတယ်“ ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ကလေးငယ်၏ စျာပနကို ထားဝယ်မြို့ ဇဟာသုဿာန်တွင် မတ်လ ၂၉ ရက်နေ့ ကပြုလုပ်ခဲ့သည်။

ကလေးသုံးမွှာပူးတို့၏ မိဘများသည် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မိကျောင်းအိုင်ရပ်ကွက်မှ ဖြစ်သည်။