ထားဝယ်မြို့တွင် အပူချိန် စံချိန်သစ်ထပ်တင်

0
515

ထားဝယ်မြို့တွင် မတ်လ ၂၉ ရက်နေ့က နေ့အပူချိန်စံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)​ ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်က စံချိန်ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၆ ရက်ကလည်း ကော့သောင်းမြို့တွင် အပူချိန် ၄၀ဒသမ၂ ဒီဂရီ ဆဲလ်စီယပ် (၁၀၄ဒသမ၄)​ ဒီဂရီဖာရင်ဟိုက်ဖြင့် ၂၀၁၅ ခုနှစ်က အပူချိန် ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့သည်ဟု မိုးဇလ၏ မှတ်တမ်းတွင်ဖော်ပြထားသည်။

မတ်လ ၃၀ ရက် ညနေအထိ မိုးဇလ၏ မိုးလေဝသထုတ်ပြန်ချက်အရ ထားဝယ်မြို့တွင် အပူချိန် ၃၂ မှ၄၀ ဒီဂရီစင်တီဂရိတ်အကြားတွင်ရှိပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနေ ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ထားဝယ်မြို့တွင် အပူချိန် ၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ် (၁၀၀ဒသမ၉ ဒီဂရီ ဖာရင်ဟိုက်)​ဖြင့် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သေးသည်။