ထားဝယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကွယ်လွန်

0
510
ဓာတ်ပုံ - နာရေးကူညီမှု-ထားဝယ်

ထားဝယ်နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိန်သည် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှသိရသည်။

အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ဦးအောင်စိန်သည် ထားဝယ်နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌတာဝန်ကို ဆယ်နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထားဝယ် နာရေးကူညီမှုအသင်း၏အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။

“ဆီဆုံဆရာတော်လွန်ပြီးတဲ့နောက်မှာ အသင်းပြန်ဖွဲ့စည်းချိန်ကစပြီး ဦးအောင်စိန်က ဥက္ကဋ္ဌ တာဝန်နဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးအောင်စိန်၏ရုပ်အလောင်းကို ထားဝယ်မြို့ အိမ်ရှေ့ပြင်လမ်းဆုံ၊ အမှတ် ၆၅၃ နေအိမ်တွင် ထားရှိမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ တနင်္လာနေ့တွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံသုဿာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။