မှတ်ပုံတင်တွင် မွေးသက္ကရာဇ်ပြင်လိုက ဗဟိုရုံးချုပ်အထိတင်ပြရမည်

0
1227
ပုံစာ - တနင်္သာရီတိုင်း လဝက ဝန်ထမ်းများ သင်တန်းတက်ရောက်နေစဥ် (ပုံအဟောင်း) Photo - တနင်္သာရီတိုင်း လဝက

စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက် နိုင်ငံသားစိစစ်ရေးကတ် ခေါ် မှတ်ပုံတင်ကတ်တွင် မွေးသက္ကရာဇ် မှားယွင်းမှုပြင်ဆင်လိုပါက ဗဟိုရုံးချုပ်အဆင့်ထိ တင်ရမည်ဖြစ်ကြောင်း လဝက ဝန်ထမ်းများထံက သိရသည်။

စစ်မှုထမ်းရန် အသက်ပြည့်မီနေသူများနှင့်ပတ်သက်၍ ပြင်ဆင်မှုများရှိလာနိုင်သဖြင့် ဗဟိုရုံးချုပ်အထိ တင်ပြခိုင်းခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်က စစ်ကောင်စီအာဘော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။

သို့သော် အမည်၊ အဘအမည် စသဖြင့် အခြားအချက်အလက် မှားယွင်းပြင်ဆင်မှုများကိုမူ မြို့နယ်အဆင့်ရုံးများတွင် ပြုလုပ်ပေးနေဆဲဖြစ်ကြောင်း လဝက ဝန်ထမ်းများထံမှ သိရသည်။

“မွေးသက္ကရာဇ်က မြို့နယ်က ပြင်ပေးလို့မရတော့ဘူး။ ကျန်တာအားလုံး လုပ်ပေးလို့ရတယ်။ ပုံမှန်ကတော့ သွေးနှောဖြစ်မှ ခရိုင်ရုံးအထိတင်ရတယ်။ ရိုးရိုးဆိုရင်တော့ မြို့နယ်မှာ အပြီးလုပ်လို့ရပါတယ်” ဟု အမည်မဖော်လိုသည့် ထားဝယ်မြို့နယ် က လဝက ဝန်ထမ်းတစ်ဦးက ပြောသည်။

စမတ်ကတ်ပြုလုပ်ရာတွင်လည်း လဝက၏ကွန်ပျူတာအချက်အလက်များ နှင့် ကိုင်ဆောင်ထားသည့်ကတ်ပြားမှ အချက်အလက်များ ကွဲလွဲမှုအချို့ကြုံရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံကသိရသည်။