ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသူ တစ်ဦး ပြန်လွတ်

0
1435
ပုံစာ - ကိုဇေလင်းဦး နှင့် မနှင်းစုလှိုင်

ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသူ မနှင်းစုလှိုင်မှာ မတ်လ ၂ဝ ရက်က လွတ်ရက်စေ့၍ပြန်လွတ်လာခဲ့ကြောင်း ၎င်း၏မိတ်ဆွေများထံကသိရသည်။

“ ပြန်လွတ်လာတာ ကျန်းကျန်းမာမာ ပါပဲ “ ဟု ပြန်လွတ်လာပြီးနောက်​ သွားရောက်တွေ့ဆုံခဲ့သည့် မိတ်ဆွေ အမျိုးသမီး က ပြောသည်။

မနှင်းစုလှိုင်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဇေလင်းဦးနှင့်အတူ ၂၀၂၁ ခုနှစ် ဧပြီလဆန်းတွင် ထားဝယ်မြို့ ၊ကျန်းမာရေးလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဖမ်းခံရပြီး ၇လ အကြာ​ြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ပုဒ်မ​ ၅၀၅(က)၊၅၀၅(ဂ) တို့ဖြင့် မနှင်းစုလှိုင် အား ထားဝယ်ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၄ နှစ် ၆ လ ချမှတ်ခဲ့သည်။

မနှင်းစုလှိုင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဇေလင်းဦးမှာ ပုဒ်မ ၆ ခုဖြင့် တရားစွဲခံရပြီး ထားဝယ်ထောင်တွင် ထောင်ဒဏ် နှစ်၂၀ ကျော် ကျနေဆဲဖြစ်သည်။