ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတွေ့

0
957

ထားဝယ်မြစ်ထဲတွင် မျှောပါနေသည့် အမျိုးသားအလောင်းတစ်လောင်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက တွေ့ရှိရကြောင်း မြို့ခံများထံမှသိရသည်။

ကြက်စားပြင်ရပ်ကွက်ရှိ ကမ်းနားလမ်း အလုပ်သမားရုံးအရှေ့ ထားဝယ်မြစ်ထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“လည်ပင်းမှာကြိုးတစ်စနဲ့ မျက်နှာကို သင်္ကန်းရောင် အဝတ်စနဲ့ ပိတ်ထားတယ်”ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းနှင့် မည်သည့်အကြောင်းယင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကို မသိရသေးပေ။

‌အလောင်းကို မြို့ခံ အရေးပေါ် လူနာတင်ယာဉ်ဖြင့် လာရောက် တင်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့်နှစ် တွင် ဇူလိုင်လမှ ဩဂုတ်လအထိ နှစ်လအတွင်း ထားဝယ်မြစ်ထဲတွင် အမျိုးသားအလောင်း သုံးလောင်းအထိ တွေ့ရှိခဲ့ဖူးသည်။