လောင်းလုံး ကျောက်ဆင်ရွာတွင် ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရ

0
784

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့(ဇန်နဝါရီ ၂၄) ညနေ ၅ နာရီဝန်းကျင်ခန့်က ဆိုင်ကယ် နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကျောက်ဆင်ရွာအဝင် စာသင်ကျောင်းအနီးတွင် တိုက်မိခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ကျွန်တော်မြင်တဲ့အချိန် တစ်ယောက်က ဆိုင်ကယ်အောက်မှာပိနေတာ ကျန်တဲ့ သုံးယောက်က ဆိုင်ကယ်ဘေးမှာ လဲနေကြတယ်။ ပိနေ‌တဲ့ တစ်ယောက်က မလှုပ်တော့ဘူး”ဟု ၎င်းကပြောသည်။

ဆိုင်ကယ်တိုက်မှုကြောင့် အသက် ၂၀ ကျော်အရွယ်ရှိ ကရင်ကြီးရွာသား ကိုစုစုလေးနှင့် မောင်းမကန် ရွာသားတစ်ဦးမှာ အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ဒဏ်ရာရသူ နှစ်ဦးအနက် တစ်ဦးမှာ အပြင်းထန်ဒဏ်ရာရရှိထားပြီး ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။