လောင်းလုံးမြို့အဝင်တွင် စစ်တပ်က မိုင်းရှင်းနေ၍ဟုဆိုကာ ဖြတ်သန်းခွင့်ပိတ်ထား

0
1023

လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးပုံဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က အင်းအားအများအပြားဖြင့် မိုင်းရှင်းလင်းရေးလုပ်နေပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်အတွက်ကြောင့် ယနေ့နံနက် ၇ နာရီကျော်ခန့်မှစပြီး ခရီးသည်တင်ကားများနှင့် ခရီးသွားပြည်သူများကို ဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်သည်။

“အခုဆိုတစ်နာရီလောက်ရှိတော့မယ် လှည့်ပြန်တဲသူတွေကလည်း ပြန်နေပြီ အသွားရောအလာရောပဲ ပိတ်ထားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ယင်းနေရာ၌ စစ်ကောင်စီတပ်က မိုင်းသုံးလုံးကို ဖောက်ခွဲရှင်းလင်းခဲ့သေးသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ယခုမိုင်းရှင်းလင်းနေသောနေရာ၌ လောင်းလုံး(ပကဖ)တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကြိုးကို ဖြတ်တောက်သည်ဟုဆိုကာ ဝံပုလွေတပ်စုမှ တပ်သားတစ်ဦးနှင့် အခြားတပ်ဖွဲ့က တပ်သားတစ်ဦးတို့ကို လောင်းလုံး (ပကဖ)တာဝန်ခံကဖမ်းဆီးစစ်ဆေးပြီး မနေ့(ဒီဇင်ဘာ ၁၉ ရက်နေ့)ကပြန်လွှတ်ပေးခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့မနက်တွင် အဆိုပါနေရာ၌ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် မိုင်းရှင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။