ကိုဗစ်ကပ်ဘေးကြောင့် ကော့သောင်းတွင် ဖုန်းရောင်းအား ထက်ဝက်ကျ

0
511
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်သည့်အတွက် ကော့သောင်းမြို့တွင် ဖုန်း(ဟန်းဆက်)ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်းရှင်များအသင်းနှင့် ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

ကိုဗစ်ဒုတိယလှိုင်းမဖြစ်မီက တစ်လလျှင် ဖုန်းဟန်းဆက်အရေအတွက် ၃၀ လုံးခန့် ရောင်းရပြီး လက်ရှိတွင် ၁၅ လုံးခန့်သာ ရောင်းရတော့ကြောင်း ချိုချိုဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။

လက်ရှိတွင် ပြည်သူများအနေနှင့်လည်း အလုပ်အကိုင်များ ဆုံးရှုံးမှုကြောင့် စားဝတ်နေရေးအတွက်ပင် ပူပန်နေရာ ဖုန်းအတွက် ငွေကြေးသုံးစွဲရန် မလွယ်ကူကြောင်း ဇွဲသစ်ဖုန်းဆိုင်မှ ဆိုင်ရှင်အမျိုးသား က ပြောသည်။

ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ

“ရောင်းအားက တစ်ဝက်လောက် ကျသွားတယ်။ ကိုဗစ်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်မှပဲ အဆင်ပြေမယ်” ဟု ၎င်းက ဆိုသည်။

ယခင်ကိုဗစ်မတိုင်မီက ဖုန်းရောင်း အားသွက်ခဲ့ပြီး ကိုဗစ်ကာလတွင် ရောင်းအားကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်း ရှင်အသင်းဥက္ကဋ္ဌကလည်း ပြောဆိုသည်။

ကော့သောင်းမြို့သည် နယ်စပ် မြို့ဖြစ်သည့်အတွက် တရားဝင်တင်သွင်းလာသည့် ဖုန်းဟန်းဆက်များအပြင် တရားမဝင် ဝင်ရောက်လာသည့် ဟန်းဆက်များလည်း ရှိသည်။

အာကာပိုင်