တောင်သူလယ်သမားများ ကိုဗစ်ချေးငွေရမည်

0
607

တောင်သူလယ်သမားများကို ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် လယ် ၁ ဧကလျှင် ငွေကျပ် ၅၀ဝဝဝ ထပ်ချေးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကိုဗစ်-၁၉ ကြောင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် ထိခိုက်မှုများရှိနိုင်ခြင်း၊ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်စေရန်နှင့် ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန်အတွက် တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးခြင်းဖြစ်ကြောင်း အထက်ပါဘဏ်မှ တိုင်းမန်နေဂျာဒေါ်မိုးမိုးလွင်က ပြောသည်။

ချေးငွေကို မိုးစပါးချေးငွေနှင့်အတူ ထုတ်ချေးနိုင်ပြီး မိုးစပါးချေးငွေထုတ် ချေးပြီးသူများအနေဖြင့် ထပ်မံ၍လာရောက် ထုတ်ချေးနိုင်ကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။

ယင်းသို့ ချေးငွေထပ်တိုးချေးပေးသည်မှာ လယ်သမားများအတွက် ကောင်းမွန်ပြီး လယ်ယာလုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ လယ်သမားဦးမောင်အေးက ပြောသည်။

ချေးငွေကို ဇူလိုင်လတွင် စတင်ထုတ်ချေးနိုင်မည်ဖြစ်ပြီး မိုးစပါးချေး ငွေပြန်ဆပ်သည့်ကာလနည်းတူ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နောက်ဆုံးထား ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

မိုးမြင့်