တနင်္သာရီတိုင်းအတွင်း ရေအရည်အသွေး မှတ်တမ်းတင်မည်

0
587

တနင်္သာရီတိုင်း အတွင်း သတ္တုတွင်း များ၊ စက်ရုံအလုပ်ရုံများ၊ မြစ် ချောင်း များရှိ ရေထုအရည်အသွေးကို ရွေ့လျား သယ်ဆောင်နိုင်သည့် တိုင်းတာရေးကိရိ ယာများဖြင့် မေလ နောက်ဆုံးအပတ်မှ စတင် ကောက်ယူမည်ဖြစ်ကြောင်း တိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း အကြီးစား စီမံကိန်းများ ဝင်ရောက်လုပ်ကိုင် လာပါက ရေအရည်အသွေး ထိခိုက်မှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် ကြိုတင် မှတ်တမ်း တင်ထားနိုင်ရန် လုပ်ဆောင် ခြင်း ဖြစ်ကြောင်း အထက်ပါဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။
“စက်ရုံအလုပ်ရုံတွေ၊ ထားဝယ် မြစ်လိုအနေအထားမျိုး၊ မြို့နယ် ရေပေးဝေရေး လုပ်ငန်းတွေလိုမျိုးတွေကို အဓိကထား လုပ်ရမှာပေါ့”ဟု ဦးထွန်းထွန်းဦးက ဆိုသည်။
စက်ရုံအလုပ်ရုံများမှ စွန့်ပစ်သည့် ရေကြောင့် ပြည်သူများ ထိခိုက်မှုရှိ ကြောင်း တွေ့ရှိပါက စွန့်ပစ်သည့် အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသား လွှတ်တော် သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေ ကော်မတီ အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးဟန်ဝင်းသိန်းကမူ ယခုကဲ့ သို့ မှတ်တမ်းပြုမှုမျိုးကို လွတ်လပ်သည့် တတိယ အဖွဲ့အစည်း တစ်ခုက ကောက်ယူ ပါက ပိုမိုကောင်း မွန်မည်ဖြစ်ကြောင်း ထောက်ပြသည်။

တိုင်းအတွင်း ရေအရည်အသွေး အခြေခံအချက်အလက်များအပြင် လေထု အရည်အသွေးတိုင်း ကိရိယာ များကိုပါ တပ်ဆင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရသည်။