ကလုံးထာ သစ်တောထိန်းရန် လျှောက်ထားဧရိယာကို သစ်တောဌာနက ကွင်းဆင်းစိစစ်မည်

0
509

ရေဖြူမြို့နယ်၊ တလိုင်းယာ ကျေး ရွာအုပ်စု၊ ကလုံးထာကျေးရွာ နယ်နိမိတ် အတွင်း သစ်တောထိန်းသိမ်းရန် ဒေသခံ များ လျှောက်ထားသည့် မြေဧက တစ် သောင်းကျော်ကို သစ်တောဦးစီးဌာန ရုံးချုပ်မှ ကွင်းဆင်းစိစစ်ရန် ညွှန်ကြား ထားကြောင်း ထားဝယ်ခရိုင်သစ်တော ဦးစီးဌာနထံမှ သိရသည်။

ကလုံးထာကျေးရွာမှ လျှောက်ထား သည့် ရေဝေရေလဲ ဧရိယာ ထိန်းသိမ်း ရေးတော မြေဧက ၆၉၃၁နှင့် ကျေးရွာ ဒေသန္တရ ထောက်ပံ့ရေး ကြိုးဝိုင်းတော မြေဧက ၃၅၇၈ကို စိစစ်ရန် ရေဖြူမြို့နယ် သစ်တော ဦးစီးဌာနက ကွင်းဆင်း စစ် ဆေးလျက်ရှိကြောင်းထားဝယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြော သည်။
kalonehtar_forest
” ကွင်းဆင်း စစ်ဆေးပြီး အမြန်ဆုံး အစီရင်ခံစာ တင်ခိုင်းထားတယ်” ဟု ဦးစိုးတင့်က ဆိုသည်။
အဆိုပါ သစ်တောထိန်းသိမ်းမည့် မြေဧကများကို မြို့နယ်သစ်တော ဦးစီး ဌာနက ကွင်းဆင်းစိစစ်မှု အစီရင်ခံစာ၊ မြေစာရင်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အစီရင်ခံတို့ကို တိုင်းဒေ သကြီးအစိုးရသို့ တင်ပြသဘောထား ကိုရယူပြီး သစ်တော ဦးစီးဌာနရုံးချုပ်သို့ ထပ်မံ တင်ပြရမည်ဟု အထက်ပါ သစ်တောဦးစီးဌာနထံမှ သိရသည်။

” လာမယ့်အပတ်မှာ တောအုပ်နဲ့ ဝန်ထမ်း နှစ်ဦးကို လွှတ်လိုက်မယ်လို့ သစ်တောဦးစီးဌာနက ပြောထားတယ်၊ ရွာသားတွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးမယ်” ဟု တလိုင်းယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံမြင့်က ဆိုသည်။
ယင်းမြေဧကများကို ထိန်းသိမ်းရန် ခွင့်ပြုချက် ရရှိလျှင် ကော်မတီအသစ်ကို ဖွဲ့စည်းပြီး နှစ်ရှည်ပင်များ စိုက်ခြင်း၊ သစ်ထုတ်ခြင်းကို ကာကွယ်ခြင်း၊ သစ် တောထိန်းသိမ်းခြင်း စသည်တို့ကို ကော် မတီမှ သတ်မှတ်သည့် စည်းကမ်း ချက်များနှင့်အညီ လုပ်ဆောင် သွားမည် ဟု ဦးကံမြင့်က ပြောသည်။
အလားတူ ဒီရေတောများကို ကြိုး ပြင် ကာကွယ်တောဖြင့် ထိန်းသိမ်းရန် ထားဝယ်ခရိုင်အတွင်းရှိ သရက်ချောင်း မြို့နယ် ကညင်ချောင်းကျေးရွာ၊ အောက် သရက်ချောင်း ကျေးရွာ၊ အစ်အစ်ကျေးရွာ တို့မှ မြေ ဧက ၁၅၃၀ကို လျှောက်ထားပြီး၊ ရေဖြူမြို့နယ်၊ သဲချောင်း၊ သဘွတ် ချောင်း၊ ဓမင်းဆိပ်ကျေးရွာတို့မှ ရေဝေ ရေလဲ ထိန်းသိမ်းရေးတောပြုလုပ်ရန် မြေဧက ၁၂၈.၁၁ကို လျှောက်ထား သည်ဟု ထားဝယ်ခရိုင်သစ်တောဦးစီး ဌာနထံမှ သိရသည်။

အစုဖွဲ့ပိုင်သစ်တောပြုလုပ်ရန် လျှောက်ထားသော ထားဝယ်မြို့နယ်၊ ကျိုက်ဖီလန်ကျေးရွာတွင် ကွင်းဆင်း စစ်ဆေးမှုပြီးစီး၍ စီမံခန့်ခွဲမှု အစီအစဉ်ကို ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ဦးစိုး တင့်က ပြောဆိုသည်။
” ထပ်လျှောက်မယ့် ကျေးရွာတွေ များတယ်၊ လိုက်လံ စည်းရုံးနေတယ်” ဟု အစုဖွဲ့ပိုင် သစ်တောပြုလုပ်ရန် ပြင်ဆင်လျက်ရှိသော ကျေးရွာများနှင့် ပက်သက်၍ ဦးစိုးတင့်က ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် နှင့် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် စုဖွဲ့ပိုင်သစ်တော လုပ်ကိုင်ခွင့်ကျပြီး မြေဧက ၁၀၄၀၀၀ကျော်ရှိသည်ဟု သစ် တောဦး စီးဌာနထံမှသိရသည်။