ကရသူရိမြို့နယ်တွင် မူးယစ်ဆေး ကင်းစင်ဟုဆို

0
408

ယခုနှစ်ပိုင်းအတွင်း တနင်္သာရီ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ပိုမိုပျံ့နှံ့လာသော်လည်း ကော့သောင်း ခရိုင်အတွင်းရှိ ကရသူရိမြို့နယ်တွင် မူးယစ်ဆေးဝါး ကင်းစင်ကြောင်း ဒီဇင် ဘာလ ၉ ရက်နေ့က ကြေညာခဲ့သည်။


ကရသူရိမြို့နယ်တွင်  မူးယစ်ဆေး ဝါးသုံးစွဲခြင်း၊ ဖမ်းဆီးခံရခြင်း စသည်တို့ နှင့် ပတ်သက်၍ ရဲစခန်းတွင် ယနေ့ အချိန်ထိ အမူဖွင့်ခြင်း မရှိခဲ့သည့်အတွက် ထိုသို့ မူးယစ်ကင်းစင်သည့် နယ်မြေ အဖြစ်သတ်မှတ်ရခြင်း ဖြစ်ကြောင်း သက် ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

no_drug_place
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများ လူထု ရှုံ့ချပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ က ကရသူရိမြို့ အခြေခံပညာ အထက် တန်းကျောင်း ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ရာ တက်ရောက်လာသူများ၏ တင်ပြ တောင်းဆိုချက်များအရ ကရသူရိ နယ်မြေကို မူးယစ်ကင်းစင် သည့်နယ်မြေ အဖြစ်သတ်မှတ် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။
“ကျွန်တော်တို့ မြို့တည် ကတည်း ကနေထိုင်လာခဲ့တဲ့ကာလ တစ်လျှောက် လုံး ဒီနေ့အထိ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရောင်းဝယ်တာ၊ သုံးစွဲတာ၊ အဖမ်းခံရတာမျိုး လုံးဝ ကြားသိ ခဲ့ရခြင်း မျိုး မရှိခဲ့ဘူး”  ဟု အခမ်းအနား တက်ရောက်ခဲ့သည့် ကရသူရိ ဒေသခံ ဦးကျော်ဇင်ဦး ကဆိုသည်။
တနင်္သာရီတိုင်းအတွင်း စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ မကြာ ခဏ ဖြစ်ပွားနေပြီး မြို့ကြီးအချို့တွင် ကွမ်းယာဆိုင်အချို့တွင်ပင် ရာဘဆေး ပြားဝယ်ယူနေနိုင်သဖြင့် အစိုးရ အနေနှင့် အရေးတကြီး ဖြေရှင်းရမည့် ကိစ္စဖြစ် ကြောင်း သုံးသပ်မှုများ ရှိနေသည်။