မူးယစ်ဆေးဝါးသုံးစွဲသူများအား ရောင်းချသူများက ခြိမ်းခြောက်ထားခြင်းက ဒိုင်အကြီးများကို ဖမ်းမိရန် အခက်တွေ့ဟုဆို

0
470

မူးယစ်ဆေးဝါးဆုံးစွဲသူများအား ရောင်းချသူများက အမည်ထုတ်ဖော် ပြောပါက မိသားစုအား အသက် အန္တရာယ်ဖြစ်စေသည်အထိ တုံ့ပြန် မည်ဟု ခြိမ်းခြောက်ထားခြင်းက မူးယစ် ဆေးဝါး ရောင်းချ ဖြန့်ဖြူးနေသည့် ဒိုင်အကြီးများကို ဖမ်းမိရန် အခက်တွေ့ သည်ဟု ထားဝယ်မြို့မ ရဲစခန်းမှ စခန်း မှူး ဒုရဲမှူးမျိုးမြင့်ဦးက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကို ရဲတပ်ဖွဲမှဖမ်းဆီးရမိချိန်တွင် ရောင်းချ သူအား သိနိုင်ရန်စစ်ဆေးမေးမြန်းသည့် အခါရောင်းချသူ အမည်အား လုံးဝ မပြောရန်၊ ပြောပါက သုံးစွဲသူ၏ မိသား စုအား အသက်အန္တရာယ် ဖြစ်စေသည် အထိ တုံ့ပြန်မည်ဟု ခြိမ်းခြောက် ထား သည်ကို တွေ့ရကြောင်း ကြက်စား ပြင်ရပ်ကွက်မှ ပြည်သူများနှင့် တွေ့ ဆုံပွဲတွင် စခန်းမှူးမှ ထည့်သွင်း ပြော ကြားခဲ့သည်။

ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေသူများအား ရဲတပ် ဖွဲ့ထံ လူကိုယ်တိုင်(သို့)ဖုန်းဖြင့် ဆက် သွယ် သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။

” မူးယစ်ဆေးဝါးက ပျံ့နှံ့မှု အရမ်း များလာတယ်။ ဒါကြောင့် ပြည်သူတွေ ပူပေါင်းပါဝင်လာစေချင်တယ်” ဟု ဒုရဲ မှူး မျိုးမြင့်ဦး ကပြောသည်။
ယင်းကဲ့သို့ လူကိုယ်တိုင်(သို့)ဖုန်းဖြင့် ဆက်သွယ် သတင်းပေး တိုင်ကြား သူ၏နာမည်ကို လျှို့ဝှက်ပေးထား မည် ဖြစ်ပြီး မိမိဆက်သွယ် သတင်းပေး သည့် အိမ်၌မူးယစ်ဆေးဝါး ရှာဖွေမတွေ့ရှိပါ ကလည်း တိုင်ကြားသူအား တစ်စုံတစ်ရာ အရေးယူမည် မဟုတ်ဟု စခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက ဆိုသည်။
ထားဝယ်မြို့နယ်တွင်၂၀၁၅ ဇန်န ဝါရီလမှဒီဇင်ဘာလ၈ ရက်နေ့အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၂မှုနှင့် တရားခံ ၄၂ဦး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိမှု ထက်ဝက်ကျော်သည် ပြည်သူလူထု သတင်းပေး တိုင်ကြားခဲ့မှုကြောင့် ဖမ်း ဆီးရမိခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများ အရသိရသည်။