ထားဝယ်တွင် မင်္ဂလာအကြို ဓာတ်ပုံရိုက်ကူးမှု ခေတ်စားလာ

0
537

ထားဝယ်တွင် ယခုနှစ်အတွင်း မင်္ဂ လာဆောင်အကြို ဓာတ်ပုံရိုက်ကူးမှု ပိုမို ခေတ်စားလာကြောင်း ဓာတ်ပုံရိုက်ကူး သူများနှင့် အလှဖန်တီးရှင်များထံမှ သိရ သည်။

မင်္ဂလာဆောင် အကြိုဓာတ်ပုံ ရိုက် ကူးပေးရာတွင် outdoor နှင့် indoor ဟု အမျိုးအစား နှစ်မျိုးရှိကာ လက်ရှိ အချိန်တွင် စတူဒီယိုအခန်းထဲ ရိုက်ကူး သည့် indoor သာ ရိုက်ကူးမှုများကြောင်း ဓာတ်ပုံ ပြည်စိုးထွန်း(ပန်းချီ)က ပြော သည်။
pre_wedding_dawei
outdoor အတွက် လှပသည့် ရှုခင်း ရှုကွက်များကို ကိုယ့်စိတ်ကူးဖြင့် ကြိုတင် ရှာဖွေထားပြီး အဓိကအားဖြင့် ကမ်းခြေ များ၊ မျှော်ရစ်ဘုရား၊ ရွှေတောင် စားစေတီ နှင့် လေယာဉ်ကွင်းလမ်းတစ်လျှောက် တွင် ရိုက်ကူးပေးလေ့ရှိကြောင်း ဓာတ်ပုံ- AM စိုးဝင်းက ရှင်း ပြသည်။
ဓာတ်ပုံရိုက်ကူးရန်အတွက် ဝန်ဆောင်ခမှာ ပျမ်းမျှကျပ် တစ်သိန်း ကျော်ခန်ရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။
ယင်းကဲ့သို့ မင်္ဂလာဆောင် အကြို ဓာတ်ပုံရိုက်ကူးရာတွင် အများစုမှာ ဓာတ်ပုံရိုက်ကူးသည့် ဝန်ဆောင်မှုသာ ပေးပြီး အဝတ်အစားနှင့် မိတ်ကပ်ကို အလှဖန်တီးရှင်များမှ သီးသန့် ဝန် ဆောင်မှု ပေးရလေ့ရှိပြီး အလုပ်နည်း ပါးသည့်အချိန်၌သာ outdoor လက်ခံ ကြောင်း အလှဖန်တီးရှင် ကိုညီညီက ပြောသည်။

” မိတ်ကပ်ဆိုင်တွေ များလာတော့ ညှိနှိုင်းဈေးနဲ့ပဲ လုပ်ပေးနေရတယ်” ဟု ကိုညီညီ ကပြောသည်။
မင်္ဂလာဆောင်ကြသည့် စုံတွဲ ၆၀ ရာခိုင်နှုန်းကျော်မှာ အကြိုဓာတ်ပုံ ရိုက်ကူး မှုလာပြီး သတို့သမီးမှ ဓာတ်ပုံ အရိုက် ခံရန် စိတ်ဝင်စား မှုများပြားကြပြီး သတို့ သားများနှင့်မူ ခက်ခက်ခဲခဲ ညှိယူရသည် များရှိကြောင်း ကိုညီညီက ပြောသည်။