ထားဝယ်-ထီးခီးလမ်း ဧပြီလအပြီး ထိုင်းဘက်မှ အဆင့်မြှင့်လို

0
491

ထားဝယ်မြို့မှ ထိုင်းနယ်စပ်ထီး ခီးသို့ ဆက်သွယ်ထားသောလမ်းကို နှစ်လမ်းသွားအဖြစ် လာမည့်ဧပြီလ အပြီး အဆင့်မြှင့်တင်လိုကြောင်း အီတာ လျံ-ထိုင်း (ITD) ကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာ မစ္စတာဖိုင်ဘွန်က ပြောကြားသည်။

လက်ရှိအချိန်တွင် TEAM Consulting Engineering and Management ကုမ္ပဏီမှယင်းနှစ် လမ်း သွားလမ်းမအတွက် ပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း (EIA) ပြုလုပ်ကာ မြန်မာအစိုးရထံ တင်ပြနိုင်ရန်အစီရင်ခံစာပြုစုလျက်ရှိကြောင်း ၎င်းက ပြော ဆိုသည်။
လက်ရှိလမ်းအား အဆင့်မြှင့်တင် မည့် ယင်းစီမံကိန်းကို မြန်ထားဝယ် ကုမ္ပဏီမှ အကောင်အထည်ဖော်လုပ် ဆောင်မည်ဖြစ်ပြီး စီမံကိန်းစတင်မည့် အချိန်၊ စီမံကိန်းကာလတို့ကို မပြောနိုင် သေးကြောင်း ၎င်းက ဆိုသည်။

“မြန်မာအစိုးရအပေါ်မှာ မူတည် တယ်၊ ထိုင်းဖက်ကတော့ ဧပြီလ တောင် ပြီးအောင် လုပ်ချင်တယ်” ဟု မစ္စတာ ဖိုင်ဘွန်က ဆိုသည်။
(EIA အစီရင်ခံစာအတွက် ထားဝယ်ရေနက်ဆိပ်ကမ်းမှ မြန်မာ-ထိုင်း နယ်စပ်ထီးခီးကျေးရွာသို့ ၁၃၈ ကီလိုမီ တာရှည်ရှိသော ၂ လမ်းသွားလမ်း ကြောင့် ဖြစ်ပွားလာနိုင်သော လေထု အရည်အသွေး၊ ဆူညံသံ၊ တုန်ခါမှု၊ သစ်တော၊ စွန့်ပစ်ရေ၊ ယာဉ်သွားလာမှုနှင့် လမ်း အန္တရာယ်ကင်းမှုတို့ကို T EAM အဖွဲ့မှ ပညာရှင်များက ဆန်းစစ်လေ့ လာလျှက်ရှိသည်။

လမ်းတလျှောက်ရှိ ရေ ၁၁ နေရာကို လေ့လာဆန်းစစ်ချက်အရ ၁၈ ကီလိုမီ တာအနီးရှိရေမှာ ညစ်ညမ်းလျက်ရှိ ကြောင်း TEAM ကုမ္ပဏီထံမှ သိရ သည်။
လမ်းအတွက် EIA လုပ်ဆောင်မှု သည် မတ်လအပြီး ပေးအပ် ရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ဝန်ကြီးဌာနတို့မှ ပြန်လည်စိစစ်အတည် ပြုသွားမည်ဖြစ်ကြောင်း ထားဝယ် စီမံကိန်းစီ မံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က ပြောကြားသည်။

ယင်းသို့ အတည်ပြုပြီးသည်နှင့် လမ်းတစ်ခုလုံး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင်နိုင်သော်လည်း ငွေကြေးရင်းနှီး မြှုပ်နှံမှု ကိစ္စများကြောင့် ပြီးစီးမည့်အချိန် ကို မပြောနိုင်ကြောင်း ၎င်းကဆိုသည်။

” တစ်ခုလုံးကိုပြန်အဆင့်မြင့်တာကကျတော့ငွေကြေးအရင်းအနှီးများတော့ ဘဏ်ချေးငွေကိစ္စတွေဘာတွေလည်းရှိတော့အချိန်ကတပ်အပ်မပြောနိုင်ဘူး။ နှစ် နဲ့ချီ ကြာကောင်းကြာသွားနိုင်တယ်” ဟု ဦးဟန်စိန်က ဆိုသည်။

” မစနိုင်ရင်သူတို့ရက်ရွေ့ကောင်း ရွေ့မှာပေါ့” ဟု သူက ဆက်ပြောသည်။
ယင်းနှစ်လမ်းသွား လမ်းမအား အဆင့်မြှင့်တင်ပြီးပါက လမ်းကြေး ကောက်ခံမည့် ဂိတ်သုံးခုနှင့် ယာဉ်ရပ်နား စခန်း၃ခုကို လုပ်ဆောင်မည်ဖြစ်ပြီး ခရီးရှည်သွားရောက်မည့် မော်တော်ယာဉ် များကို လမ်းအသုံးပြုခ ကောက်ခံသွား မည်ဖြစ်ကြောင်း စီမံကိန်းအင်ဂျင်နီယာက ပြောသည်။