ထားဝယ်ခရိုင်အတွင်း ရွေးကောက် ပွဲ အသုံးစရိတ် တင်ပြလာသည့် ကိုယ်စားလှယ်လောင်း ၂၉ ဦးရှိ

0
453

ထားဝယ်ခရိုင်အတွင်း နိုဝင်ဘာလ ၂ရက်နေ့အထိ ရွေးကောက်ပွဲ အသုံး စရိတ်တင်ပြလာသည့် ကိုယ်စားလှယ် လောင်း ၂၉ ဦးရှိကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ကြသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်အား ဒီဇင်ဘာလ ၁၃ ရက် နောက်ဆုံးထားကာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ ရမည်ကြောင်း ခရိုင်ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။

“သတ်မှတ်ရက်အတွင်း တင်ပြ နိုင်ခြင်း မရှိရင် အရည်အချင်း ပျက်ယွင်း သူအဖြစ် ကြေညာခံရမယ်”ဟု ခရိုင် ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
လက်ရှိ အသုံးစရိတ် တင်လာသည့် ကိုယ်စားလှယ်လောင်းများ သတ်မှတ်ငွေ ကြေးထက် ပိုမိုသုံးစွဲထားခြင်းမရှိကြောင်း ၎င်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲ ဝင်ခွင့်အာမခံငွေ ကျပ် သုံးသိန်း အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆွယ်ခွင့်ပြု လိုက်သည့်နေ့မှ စတင် အသုံးပြုသည့် အသုံးစရိတ်များ အပါအဝင် စုစုပေါင်း ငွေကျပ်သိန်းတစ်ရာထက် ပိုမိုသုံး စွဲခြင်းမပြုရဟု လွှတ်တော်နည်း ဥပဒေ တွင် ဖော်ပြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ် စားလှယ် အမည်အား ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၃၀အတွင်း ရွေး ကောက်ပွဲ ကုန်ကျစရိတ်ကို သက် ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲထံ တင်ပြရမည် ဖြစ်ပြီး ယင်းစာရင်းများ မှန်ကန်ကြောင်း မြို့နယ်တရားသူကြီး အဆင့်ထက်မနိမ့် သော တရားသူကြီး တစ်ဦး ရှေ့မှောက်၌ ပြုလုပ်သော ကျမ်းကျိန်လွှာအား ပူးတွဲ တင်သွင်းရမည် ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း လွှတ်တော် အသီးသီးအတွက် ဝင်ရောက် အရွေးချယ် ခံသည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ၇၇ ဦးရှိကြောင်း သက်ဆိုင်ရာ ကော်မ ရှင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။