စားသုံးရန်မသင့်သည့် မုန့်များအကြောင်း ကျောင်းများတွင် ဟောပြောမည်

0
606

ထားဝယ်မြို့ပေါ်ရှိ အစိုးရ အခြေခံ ပညာကျောင်းများတွင် စားသုံးရန် မသင့်သည့် မုန့်များအကြောင်း   ဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။


စာသုံးသူ ကာကွယ်ရေးအတွက် ယင်းသို့ ဟောပြောပွဲများကို ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီး ဌာနမှ ဦးစီး၍ ထားဝယ်မြို့ပေါ်ရှိ အခြေခံ ပညာအထက်တန်းကျောင်း ၆ ကျောင်းတွင် ယခုလနှင့် လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်သွား မည်ဖြစ်ပြီး နိုဝင် ဘာလ ၂၅ ရက်က အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း ယင်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းက ပြောသည်။
” စားသုံးသူ ကာကွယ်ရေးနဲ့ ပက်သက်ပြီး ကျောင်းတွေမှာ ဟော ပြောပွဲ မလုပ်ဖူးသေးဘူး။ အခုလုပ်တာက ပထမဆုံးပဲ” ဟု ဦးကျော်စွာ ဝင်းက ဆို သည်။
ယခင်က အခြေခံပညာကျောင်း များတွင် မုန့်ဈေးတန်းများကို ၈ ကြိမ် စစ်ဆေးခဲ့ဖူးပြီး အာမခံချက်မရှိသော၊ စားသုံးရန်မသင့်သော မုန့်များကို သိမ်း ဆည်းခြင်း၊ နမူနာယူခြင်းနှင့် ရောင်းသူ များအား ပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဟောပြောပွဲများတွင် ကျောင်းသူ ကျောင်းသားများအပြင် ကျောင်းမုန့် ဈေးတန်းများမှ မုန့်ရောင်းသူများကိုပါခေါ်၍ ပညာပေးဟောပြောခြင်း၊ မစားသင့်သည့် မုန့်များအကြောင်း ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာ စောင်များပေးဝေခြင်းနှင့် ကျောင်းသူကျောင်းသားများအား အာမခံချက် ရှိသည့် မုန့်များကို နမူနာအဖြစ် ဝေပေးခြင်းတို့ကို ပြုလုပ်သွား မည်ဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြောသည်။
“ကျောင်းသားတွေ စားတဲ့မု့န်တွေနဲ့ ပက်သက်ပြီး ထိထိရောက် ရောက်လုပ် ပေးစေချင်တယ်။ ကလေးတွေက ကျောင်းမှာသူတို့ ကြိုက်တာဝယ် စားကြတော့ မစားသင့်တာစားမိမှာ စိတ်ပူတယ်” ဟု ပိန္နတောရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
ဒီဇင်ဘာလအထိ အခြေခံပညာ အထက်တန်းကျောင်း ၆ ကျောင်း တွင် ဟောပြောပွဲများပြုလုပ်ပြီးပါက တွဲဖက် အထက်တန်း ကျောင်း၊ အလယ်တန်း ကျောင်းနှင့် မူလတန်းကျောင်းများအထိ  ပြုလုပ်ရန် အစီအစဉ်ရှိပြီး ထားဝယ်မြို့နယ်အပြင် အခြားမြို့များတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြောသည်။
ထားဝယ်မြို့ပေါ် မုန့်ဆိုင်များတွင် သိမ်းဆည်းကာ အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ (FDA) ထံသို့ စစ်ဆေး ရန် ပို့ပေးထားသည့် မုန့်နမူနာ ၁၅ မျိုးရှိကြောင်း သိရသည်။