ထားဝယ်တွင် အလိုအလျောက် တိုင်းတာသည့် မိုးလေ၀သစက် စတင်တပ်ဆင

0
462

ထားဝယ်မြို့ မိုးလေ၀သစခန်း အတွင်း အလိုအလျောက် တိုင်းတာပေး နိုင်သည့် မိုးလေ၀သ တိုင်းတာရေး စက် အသစ်တစ်လုံးကို စတင်တပ်ဆင်နေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး မိုး^ဇလ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

check_weather_object
ယင်းစက်မှ တိုင်းတာရရှိသည့် မိုးလေ၀သ အချက်အလက်များကို နေပြည်တော် မိုး^ဇလ ရုံးချုပ်မှ တိုက် ရိုက်ကြည့်ရှုပြီး သက်ဆိုင်ရာ ဝက်ဘ် ဆိုက်တွင် သတင်းထုတ်ပြန်ပေးမည် ဖြစ်၍ နိုင်ငံတကာနှင့် အများပြည်သူတွေ တိုက်ရိုက်ဝင်ရောက်ပြီး ကြည့်ရှုနိုင် ကြောင်း တိုင်းဒေသကြီး မိုး/ဇလ ဦးစီး ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးပိုင် ဆိုသည်။

ထားဝယ် မိုးလေ၀သစခန်းတွင် ယခင်က menual စနစ်ဖြင့်သာ တိုင်း တာ ဆောင်ရွက်နေပြီး မိုးလေ၀သ ခန့် မှန်းချက်များကို ပုံမှန် အခြေအနေတွင် ၃နာရီ တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး မုန်တိုင်း အန္တရာယ်ရှိသည့် အချိန်များ တွင် ၁ နာရီ တစ်ကြိမ် ထုတ်ပြန် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အလိုအလျောက် တိုင်းတာ မည့် စက်များကို တိုင်းအတွင်း ထားဝယ် မြို့နှင့် ကော့သောင်းမြို့တို့တွင် တပ်ဆင် သွားမှာဖြစ်ပြီး စိုက်ပျိုး ရေးအတွက် အထောက်အကူပြုမည့် တိုင်းတာရေးစက် နှစ်လုံးကို ထားဝယ် မြို့နှင့် လောင်းလုံမြို့ နယ်ရှိ မိုးလေ၀သ စခန်းများတွင် တပ် ဆင်ပြီးဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။