နိုင်လွန်ကတ္တရာလမ်း ပျက်စီးစေမည့်အပြုအမူများ မလုပ်ကြရန် လမ်းဦးစီးဌာန မေတ္တာရပ်ခံ

0
570

ထားဝယ်မြို့ရှိနိုင်လွန် ကတ္တလမ်း များ ပျက်စီးစေမည့် အပြုအမူများကို မလုပ်ကြရန် တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ ပြ)ရုံးက မေတ္တာရပ်ခံစာကိုနိုဝင်ဘာ ၂၄ က ထုတ်ပြန်ခဲ့သည်။

ကုန် တင်ကား၊ ထော်လဂျီယာဉ်နှင့် ဆိုင်ကယ်စီးသူများ ရှောင်ရှားပေးရန် လိုအပ်သည့် အချက် ၃ ချက်ကို ဖော်ပြ ထားသည့် ယင်းစာတွင် မြို့တွင်းလမ်း များပေါ်တွင် ညအချိန် ၁၀ဘီး၊ ၁၄ဘီး ကုန်တင်ယာဉ်ကြီးများ ကုန်တင်ကုန်ချ ပြုလုပ်ခြင်း၊ အမှန်တကယ် တင်ဆောင် နိုင်မည့် ကုန်ပမာဏ ၁ တန်ခန့်ရှိသော ထော်လဂျီယာဉ်ငယ်များသည် ၂တန်၊ ၃ တန်ထိ တင်ဆောင်ကာ မနိုင်ဝန်ဖြင့် နိုင်လွန်ကတ္တရာလမ်းပေါ် မောင်းနှင်နေ ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း ယင်းဌာန၏ မေတ္တာရပ်ခံစာ၌ ရေးသား ထားသည်။
photo_by_aung_thu
ထို့အပြင် ဆိုင်ကယ်စီး လူငယ် အုပ်စု မှ ဆိုင်ကယ်ထောက်ချပြီး နိုင်လွန် ကတ္တ ရာလမ်းမ မျက်နှာပြင်ဖြင့် ပွတ်တိုက်ပြီး မီးပွင့်အောင်မောင်း၍ စီးနင်းခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း ယင်းစာ၌ ဆက် လက်ဖော်ပြထားသည်။

” ချိန်းပါတဲ့ စက်ယန္တရားတွေ နိုင် လွန်ကတ္တရာ လမ်းပေါ်မှာ အမှတ်မထင် ရတယ်ဆိုပြီး တက်မသွားစေချင်ဘူး၊ ပြည်သူတွေဝိုင်းဝန်းထိန်းသိမ်း ဆောင် ရွက်ပေးဖို့ လိုတယ်” ဟု တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူး (မြို့ပြ) ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်လွန်ကတ္တရာခင်းရာ၌ အသုံးပြု ရန် ငှားရမ်းထားသည့် စက်ယန္တရား များအား ပြန်အပ်ပြီးသည့်အခါ နိုင်လွန် ကတ္တရာလမ်းများ ပျက်စီးသွားပါက စက်ယန္တရားများမရှိလျှင် ပြုပြင်၍ မရ နိုင်ဟု လမ်းဦးစီးဌာနက အထက်ပါ မေတ္တာရပ်ခံစာ၌ အသိပေးထားသည်။
ယင်းယာဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် တိုင်းအစိုးရ အဖွဲ့ထံ တင်ပြထား၍ လမ်းညွန်ချက်ကို စောင့် ဆိုင်းလျက်ရှိကြောင်း အထက်ပါ တာဝန် ရှိသူက ဆိုသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့်နှစ်မှ စ၍ ၅မိုင် ၆ဖာလုံအရှည်ရှိသော လေ ယာဉ်ကွင်းမှ အာဇာနည်လမ်း၊ ဗိုလ်ချုပ် လမ်းနှင့် ကမြောကင်းလမ်းများအား နိုင်လွန်ကတ္တရာ ခင်းခဲ့သည်။

ယခုနှစ်တွင် ထားဝယ်မြို့တွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည် သည့် လမ်းများတွင် ၆ မိုင် ၁ဖာလုံကျော် အရှည်ရှိသော လမ်းမများအား ကနဦး နိုင်လွန် ကတ္တရာ လမ်းခင်းလျက်ရှိပြီး ဒုတိယအဆင့်ဖြင့် ထားဝယ်-ရေး လမ်း အား၎မိုင်အထိနိုင်လွန်ကတ္တရာ လမ်း ခင်းမည်ဟု နိုင်လွန်ကတ္တရာခင်း လျက် ရှိသော တည်ဆောက်ရေး(၄)၊ လမ်း အထူးအဖွဲ့ ၂၃ ထံမှ သိရသည်။