ယန္တရားသော့ သိမ်းသော်လည်း ကျောက်မီးသွေး ထပ်တူးနေပြန်

0
476

ထားဝယ်ခရိုင်း ဘန်းချောင်းဒေသရှိ ကျောက်မီးသွေးမိုင်းအား ဒေသခံများနှင့် ညှိနှိုင်းမှုမရှိဘဲ တူးဖော်သည့်အတွက် နasအ Sအမေ ငြညငညါ ကုမ္ပဏီ၏ ယန္တရား သော့များကို သိမ်းဆည်းခဲ့သော်လည်း ရက်ပိုင်းသာ ရပ်နားပြီး နိုဝင်ဘာလ ၈ ရက်ကစပြီး ပြန်လည် တူးဖော်နေသည် ဟု ဘန်းချောင်းဒေသခံများက ပြော သည်။

ယင်းကုမ္ပဏီမှ ကျောက်မီးသွေး မိုင်း တူးဖော်သည့် စက်ယန္တရား ၄ စီးမှ သော့လေးချောင်းကို ကျောက်မီးသွေး မိုင်းအနီးရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ၇၂ဦးက နိုဝင်ဘာလ ၄ ရက်က သိမ်း ဆည်း၍ သတ္တုတွင်းဝန်ကြီးဌာနသို့ ပေး ပို့ခဲ့ကြသည်။
dawei_watch
ယခုနှစ်တွင် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းမရှိဘဲ စည်းကမ်းချိုး ဖောက်ကာ တူးဖော်လာသည့်အတွက် တပ်မဟာ(၄) KNU မြိတ်-ထားဝယ် ခရိုင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဘန်းချောင်း ဒေသလူထု အခြေပြုဖွံ့ဖြိုး တိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ စောကဘူးက ပြောသည်။
” သူတို့က ဘာမှ နားမထောင်ဘူး” ဟု စောကဘူးက ဆိုသည်။

ယခုနှစ် တူးဖော်မည်ဆိုပါက နေပြည်တော်မှ တာဝန်ရှိသူများ ၊ KNU၊ ကုမ္ပဏီနှင့် ဒေသခံများ ညှိနှိုင်းပြီးမှ တူးဖော်စေချင်ပြီး နေပြည်တော်မှ ကွင်း ဆင်းစစ်ဆေးမည်ဟု ပြောထားသည့် အတွက် စစ်ဆေးမှု မပြုလုပ်မီ မလုပ် စေချင်ဟု ၎င်းက ပြောသည်။
နှစ်စဉ်လုပ်ငန်း မစတင်မီ KNU၊ East Star Mining ကုမ္ပဏီနှင့် ဒေသ ခံများ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပြီးမှ ကျောက်မီးသွေး မိုင်းတူးဖော်ခြင်း စီမံကိန်းကို လုပ်ဆောင်ရန် သဘော ထား ခဲ့သော်လည်း ယင်းကုမ္ပဏီက ဖောက် ဖျက်ကာ အောက်တိုဘာလ တတိယ အပတ်မှစတင်၍ ကျောက်မီးသွေး တူး ဖော်လာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။