တနင်္သာရီတိုင်းအတွင်း မဲပေးခွင့်ရှိသူ ၁၀ သိန်းနီးပါးရ

0
507

တိုင်းအတွင်း မဲပေးခွင့်ရှိသူ ဦးရေ မှာ နောက်ဆုံးရရှိထားသည့်စာရင်းများ အရ ၁၀ သိန်းနီး ပါးရှိကြောင်း တိုင်းရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။
ပုံစံ(၃-က) ဖြင့် လျှောက်ထားသည့် ရွှေ့ပြောင်း လုပ်သားများအပါအဝင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆန္ဒမဲ ပေးခွင့်ရှိ သူဦးရေမှာ ကိုးသိန်းရှစ်သောင်း ကျော်ရှိကြောင်း အထက်ပါ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

” အပြောင်းအလဲ အနည်းငယ်တော့ ရှိနိုင်သေးတယ်။ ပုံစံ(၄-က)နဲ့ လျှောက် တဲ့သူတွေ ထပ်လာနိုင်သေးတယ်” ဟု တိုင်းကော်မရှင်အဖွဲ့ခွဲမှ တိုင်းဦးစီးမှူး ဦးထွန်းကြည်က ပြောကြားသည်။

အပြောင်းအလဲရှိနိုင်သည်ဟုဆို သော်လည်း ပုံစံ (၄-က) ဖြင့် လျှောက်ထား သူဦးရေမှာ ဆယ်ဂဏန်းမျှသာ ရှိနိုင် ကြောင်း ၎င်းက ဆိုသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ဒေသတစ်ခုမှ အခြား ဒေသ တစ်ခုသို့ ပြောင်းရွှေ့သည့်အခါ မဲဆန္ဒနယ်တစ်ခု၏ မဲစာရင်းမှ အခြား မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းသို့ အမည်ပြောင်းရွှေ့ လိုလျှင် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်း ဥပဒေ ၂၆(၂) နှင့် နည်းဥပဒေ ၂၇(၁) တို့အရ ထုတ်ပေးထားသော ပုံစံ(၁၀) သို့မဟုတ် ပုံစံ (၉၀/၁ / နငသ) နှင့်အတူ လက်ရှိမဲဆန္ဒနယ် မဲစာ ရင်း၌ မိမိအမည်ကို ပယ်ဖျက်၍ အခြားမဲဆန္ဒ နယ်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုလွှာ ပုံစံ(၄-က) ဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မ ရှင် အဖွဲ့ခွဲသို့ တင်သွင်းရမည်ဟု သက်ဆိုင် ရာ လွှတ်တော်များ ရွေးကောက်ပွဲနည်း ဥပဒေတွင် ပါရှိသည်။

ယင်းတင်ပြချက်အတိုင်း မှန်ကန် ကြောင်း တွေ့ရှိလျှင် သက်ဆိုင်ရာ ကော်မ ရှင် အဖွဲ့ခွဲက ခွင့်ပြု၍ မဲစာရင်းမှ ပယ် ဖျက်ပြီးကြောင်း အထောက်အထားဖြစ် သည့် ပုံစံ (၄-ခ) ကို ထိုသူအားပေးရမည်။ ထိုသူသည် မိမိပြောင်း ရွှေ့နေထိုင် သည့် မဲဆန္ဒယ် မဲစာရင်းတွင် မိမိအမည်ကို ထည့်သွင်းပေးပါရန် ပြောင်းရွှေ့ ရောက်ရှိ နေသည့်နေရာ၏ အိမ်ထောင်စုဇယားနှင့် ပုံစံ (၄-ခ) တို့ ပူးတွဲ၍ တောင်းဆိုလွှာပုံစံ (၃) ကို တင်သွင်းလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက မဲစာရင်း၌ ထည့်သွင်း ပေးရမည်။

ယင်းသို့ ပြောင်းရွှေ့လာသော မဲဆန္ဒနယ်၌ ထိုသူသည် ဆန္ဒမဲပေးပိုင် ခွင့်ရှိသည်ဟု အထက်ပါ နည်းဥပဒေတွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သည့် လူဦးရေ စုစုပေါင်း ၁၄ သိန်းကျော် ရှိသည်။