တိုင်းအတွင်း သစ်တန် ၅၀၀၀၀ ကျော် ထုတ်ရန် လျာထား

0
548

တနင်္သာရီတိုင်းအတွင်း ခရိုင် ၃ ခုတွင် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် သစ်တန် ၅၂၀၀၀ ထုတ်ရန် လျာထားကြောင်း တိုင်းဒေသ ကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာက ပြောသည်။


သစ်တောဦးစီးဌာနက ပင်ထောင် ရိုက် (ကန့်သတ်လုံးပတ်ပြည့်မီသော အပင်များ၌ တံဆိပ်ရိုက်)ပြီးသော လုပ်ကွက်များ၌ သစ်ထုတ်မည်ဖြစ်ပြီး ထားဝယ်ခရိုင်အတွင်း သစ်တန် ၅၀၀၀ တန်နှင့် မြိတ်ခရိုင်၊ ကော့သောင်း ခရိုင်တို့တွင် သစ်တန် ၄၇၀၀၀ ထုတ် မည်ဖြစ်ကြောင်း အထက်ပါ ဒုတိယ အထွေထွေ မန်နေဂျာက ပြောသည်။
” ဒီဇင်ဘာလအတွင်းမှာ သစ်ထုတ် နိုင်လိမ့်မယ်” ဟု တနင်္သာရီတိုင်းဒေသ ကြီး သစ်တောဦးစီးဌာနမှ လက် ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင်(၃)က ခန့်မှန်းသည်။

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်က ထားဝယ်ခရိုင်အတွင်း သစ် ၅၀၀၀ တန်နှင့် မြိတ်ခရိုင်အတွင်း ၂၅၀၀၀ တန် စုစုပေါင်း သစ်တန် ၃၀၀၀၀ ထုတ်ခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်၊ မြိတ်ခရိုင်အတွင်းရှိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောနှင့် ကော့သောင်းခရိုင် အတွင်းရှိ ကြိုးပြင်ကာကွယ်တော၊ မကော့ရဲကြီး ကျွန်းတို့မှ ခန့်မှန်းအပင် ၃၇၁၄၃ပင်မှ သစ် ၅၂၀၀၀တန်ကို ထုတ်ယူမည်ဟု သစ်တောဦးစီးဌာန ထံမှသိရသည်။
စီးပွားရေးအရ သစ်ခုတ်လျှင် စည်းမျဉ်းစည်းကမ်းအတိုင်းစနစ်တကျ ခုတ်ရန်နှင့် ရေဝေရေလဲတောများကို မထိခိုက်အောင် ခုတ်ရန်လိုကြောင်း တာကပေါလူငယ်အဖွဲ့မှ နော်ပီသ လောက ပြောသည်။

” တစ်ဖက်မှာ ကြိုးဝိုင်း၊ကြိုးပြင် တောတွေထိန်းပြီး တစ်ဖက်မှာ သစ်ခုတ် တာတော့ မနှစ်သက်ဘူး” ဟု နော်ပီသ လောက ဆိုသည်။
တာကပေါ လူငယ်အဖွဲ့သည် ထားဝယ်ဒေသအတွင်း သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အခြားအရပ်ဖက်လူမှုရေး အဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းလုပ်ကိုင်လျက် ရှိသည် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ပင်ထောင်ရိုက်သည့်စနစ်ကို ယခု နှစ်တွင် စတင်အသုံးပြုခြင်းဖြစ်ပြီး  ပင် ထောင်ရိုက်ထားခြင်း မရှိသည့်အပင်များ ကို ခုတ်လှဲလျှင် ဒေသခံများက တိုင်းကြားနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးသစ်တောဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဝင်း နိုင် (၃)က ပြောသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တရားမဝင် သစ်လုံး/သစ်ခွဲသား ၂၂၁၃ တန် ဖမ်းဆီးမိပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် စက်တင်ဘာလ အကုန် အထိ တရားမဝင်သစ်လုံး၊ သစ် ခွဲသား ၅၁၁ တန်ကို ဖမ်းဆီးမိခဲ့ ကြောင်း ၎င်းက ပြောသည်။

အထက်ပါနှစ်များတွင် မြိတ်ခရိုင်မှ တရားမဝင်သစ်လုံးနှင့် သစ်ခွဲသား အများဆုံး ဖမ်းဆီးခဲ့ကြောင်း သစ်တော ဦးစီးဌာနမှတ်တမ်းအရ သိရသည်။