DDPC Shopping Center ဒီဇင်ဘာလ စဖွင့်မည်

0
505

ထားဝယ်မြို့၊ ကမြောကင်းတံတား အနီးဆောက်လုပ်လျက်ရှိသည့် DDPC
Shopping Center ကို ဒီဇင်ဘာလတွင် စဖွင့်မည်ဖြစ်ကြောင်း DDPC ကုမ္ပဏီ ထံမှ သိရသည်။


စဖွင့်ချိန်တွင် အဆောက်အအုံ အောက်ထပ်ရှိ Shopping Center နှင့် ဆိုင် ခန်းပေါင်း ၅၁ ခန်းကို ဖွင့်လှစ်မည်ဖြစ်ပြီး အပေါ်ထပ်ရှိ ဆိုင်ခန်းများနှင့် ၃ီ ရုပ်ရှင်ရုံများကိုလည်း ဆက်လက်ဖွင့်လှစ် နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
လက်ရှိတွင် အဆောက်အအုံ အကြမ်းထည် ရာနှုန်းပြည့် ပြီးစီးနေပြီး အချောထည် ၆၀ ရာနှုန်းခန့်ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။