မဲစာရင်း ကြေညာဘုတ်များအတွက် ထားဝယ်မြို့နယ် ရွေး/ကောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ ငွေကောက်ခံ

0
487

မဲဆန္ဒရှင်စာရင်း ကြေညာဘုတ်များ အတွက် ထားဝယ်မြို့နယ် ရွေး^ကော် က ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှ ငွေကြေး ကောက်ခံခဲ့ကြောင်း မြို့ နယ် ရွေး^ကော်နှင့် မြို့ပေါ် ရပ်ကွက် အုပ်ချုပ် ရေးမှူး အချို့ထံမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်^ကျေး အုပ်ချုပ်ရေးမှူးများ၏ အစည်း အဝေးတွင် မဲစာရင်း ကြေညာဘုတ် ပြု လုပ်ခဲ့သည့် သုံးထပ်သားတစ်ချပ်လျှင် ကျပ်ငါးထောင်နှုန်း ပေးသွင်းရမည်ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ကြောင်း မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။
အဆိုပါ သုံးထပ်သားတစ်ချပ်လျှင် ကျပ် ငါးထောင်နှုန်းဖြင့် ပေးသွင်း ရမည့် ငွေမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို အစိုးရက ခွင့်ပြုပေးထားသည့် အထွေထွေ အသုံးစရိတ် ကျပ်ငါးသောင်းထဲမှ ပေး သွင်း ရမည်ဖြစ်သောကြောင့် ရပ် / ကျေး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံးဝ အဆင်မပြေနိုင်ကြောင်း အမည်မဖော်လို သူမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

” ပွင့်ပွင့်လင်းလင်း ဖြစ်စေချင် ပါ တယ်။ ကော်မရှင်က ချပေးထားတာ မလုံလောက် လို့ ရပ်/ကျေး အုပ်ချုပ် ရေးမှူးတွေက ဖြည့်စွက်ပြီး မျှခံပေးဖို့ စာနဲ့ တရားဝင် ညွှန်ကြား မယ်ဆိုရင် မျှခံပေးဖို့ အဆင်သင့်ပဲ” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ဆိုသည်။
လက်ရှိ အနေအထားမှာမူ ရပ် / ကျေး အုပ်ချုပ်ရေးမှူးရုံးများထံသို့ စက် တင်ဘာလ ၃၀ ရက်နေ့ရက်စွဲဖြင့် ကြေညာဘုတ်တစ်ခုလျှင် တစ်သောင်း ကျပ် နှုန်းပေးသွင်းရန် ဖော်ပြထားသည့် ကြေညာ ဘုတ်ပြောင်း / လက်ခံ မှတ် တမ်း (ဖြတ်ပိုင်း)တစ်ခုနှင့် ကြေညာ ဘုတ် တစ်ခုလျှင် ကျပ်နှစ်သောင်း ပေး သွင်းရမည့် မှတ်တမ်း (ဖြတ်ပိုင်း)တစ်ခု စုစုပေါင်း ဖြတ်ပိုင်း နှစ်ခု ပေးပို့ထားပြီး အကြောင်းအရာ တစ်ခုတည်းအပေါ် ဖြတ်ပိုင်းနှစ်ခု ပေးပို့ထားခြင်းအပေါ် ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေး မှူး အချို့က ဆိုသည်။

ယင်းဖြတ်ပိုင်းနှစ်ခုတွင် ကြေညာ ဘုတ်တစ်ခုလျှင် ကျပ်တစ်သောင်း နှုန်း ပေးသွင်းရန် ဖော်ပြထားသည့် ဖြတ်ပိုင်း ကိုသာ စာရင်း စစ်ဆေးခံရန် လိုအပ်ပြီး ကြေညာဘုတ်တစ်ခုလျှင် ကျပ်နှစ် သောင်းနှုန်းပေးသွင်းရန် ဖော်ပြထား သည့် ဖြတ်ပိုင်းကိုမူ စာရင်းစစ်ဆေးခံရန် မလိုဟု မြို့နယ်ရွေး^ကောက် ပြော ကြောင်း မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေး စာရေးတစ်ဦးက ဆိုသည်။

ကျပ်တစ်သောင်း နှုန်းဖော်ပြ ထား သည့် ဖြတ်ပိုင်းမှာ ပြည်ထောင်စု ရွေး ကောက် ပွဲကော်မရှင်ထံ ငွေစာရင်း စစ်ဆေးခံရန် ဖြစ်ပြီး နှစ်သောင်းကျပ် နှုန်းဖော်ပြထားသည့် ဖြတ်ပိုင်းမှာ အမှန် တကယ်ကုန်ကျသည့် ပမာဏကို ကာမိ စေရန် ထွေ / အုပ်နှင့် မြို့နယ် ရွေး / ကော်တို့ ညှိနှိုင်းပြီး ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ဒုဦးစီး မှူး ဒေါ်ဝါဝါချိုက ဆိုသည်။

“ကြေညာ ဘုတ်တစ်ချပ်ကို ခြေ ထောက်ရော၊ ဘောင်ပါ ကျပ် ၂၂၅၀၀ ကျသင့်တာပါ။ တိုင်းကော်မရှင်က ကျပ် တစ်သောင်းပဲ ချပေးတော့ ရပ်ကျေးတွေကို ကျပ် ငါးထောင်စီ ကျခံစေပြီး လိုတာကို အိတ်စိုက်ပြီး လုပ်ပေးထားတာ” ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။
တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းကပ်မည့် သုံးထပ်သားများအတွက် တစ်ချပ်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် လူဦးရေ အနည်းအများပေါ် အခြေခံကာ ရပ်/^ကျေး အုပ်စုတစ်စုလျှင် ပျမ်းမျှ ၃ ချပ်နှုန်းဖြင့် ရပ် / ကျေးအုပ်စု ၄၃ အုပ်စုကို ခွင့်ပြုပေး ခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး တစ်ခု စီက တစ်လလျှင်ရရှိသည့် အထွေ ထွေ အသုံးစရိတ် ကျပ် ငါးသောင်ထဲမှာ အနည်းဆုံး အထပ်သား ၂ချပ် ကပ် သည့် ရပ်^ကျေးက ငွေကျပ် တစ်သောင်း နှင့် အများဆုံး အထပ်သား ၄ ချပ်ကပ်သည့် ရပ်^ကျေးက ငွေကျပ် နှစ်သောင်း ပေး ဆောင် ရမည်ဖြစ်သည်။