ထားဝယ်ပါတီ မဲဆွယ် စည်းရုံးရေးစ

0
432

ကော့သောင်းမြို့တွင် ထားဝယ် တိုင်းရင်းသားများပါတီက စက်တင် ဘာလ ၂၃ ရက်တွင် စတင် မဲဆွယ် စည်းရုံးခဲ့သည်။
မဲဆွယ်စည်းရုံးရေးကို ယင်းနေ့မှ စတင်ကာ မြို့ပေါ် ရပ်ကွက် ၂ ခုကို တစ်ရက်နှုန်းဖြင့် လှည့်လည် မဲဆွယ် မည်ဟု ကော့သောင်းမြို့နယ် ထားဝယ် တိုင်းရင်းသားများပါတီမှ သိရသည်။


” မှတ်ပုံတင်ကတ်ပြား လူမျိုးနေရာ မှာထားဝယ်လို့ဖြစ်အောင် လုပ်သွား မယ်” ဟု ထားဝယ်တိုင်းရင်းသားများ ပါတီ၏ ကော့သောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသူရစိုးက ရွှေပြည်သာ ရပ်ကွက်တွင် မဲဆွယ်စည်းရုံးစဉ် ကတိပေးသည်။ထားဝယ်မြို့တွင်မူ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဲဆွယ်စည်းရုံး မည် ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသား များပါတီ (ဗဟို)မှ သိရသည်။

start_daweiparty
ထားဝယ်ဒေသအတွင်း ရပ်ကွက်၊ ကျေးရွာများရှိ လမ်းဆုံလမ်းခွများ၌ မော်တော်ယာဉ်များဖြင့် ပါတီအောင် နိုင်ရေးသီချင်းဖွင့်ကာ လှည့်လည် မဲဆွယ် စည်းရုံး သွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ကိုယ်စားလှယ်လောင်း များ၏ လက်ကမ်းစာစောင်များ၊ ပါတီ မူဝါဒများ၊ ရွေးကောက်ပွဲ သဘောထား ကြေညာ စာတမ်းများ၊ ကိုယ်စားလှယ် များအား မဲပေးနည်းများအား ဖြန့်ဝေ သွားမည်ဟု ယင်းပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။
ယင်းနောက် လောင်းလုံး၊ ရေဖြူ နှင့် သရက်ချောင်း မြို့နယ်တို့တွင် ဆက်တိုက် လုပ်သွားမည်ဟု သိရ သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်ရှိသည့် အနက် ထားဝယ်တိုင်းရင်းသားများပါတီက ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်တို့နှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် တို့တွင် စုစုပေါင်း လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။