တက္ကသိုလ်ကျောင်းသားနှင့် လယ်သမား မိသားစုဝင်တစ်ဦး အဖမ်းခံရ

0
627

ထားဝယ်တွင် လယ်သမား မိသား စုဝင် အမျိုးသမီးတစ်ဦးနှင့် တက္ကသိုလ် ကျောင်းသားတစ်ဦးကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် များက နေအိမ်တွင် လာရောက် ဖမ်းခေါ် သွားခဲ့သည်။

ထားဝယ်မြို့နယ် တရားရုံး၏ ဖမ်းဝရမ်းဖြင့် လာရောက်ခေါ်ဆောင် ခြင်းဖြစ်သည်ဟုဆိုကာ ရဲမေနှစ်ဦး အပါ အဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့က နေအိမ်သို့ လာပြီး ဖမ်းခေါ်ခဲ့ကြောင်း ဖမ်းခံခဲ့ရသည့် လယ်သမားမိသားစု ဝင်တစ်ဦးဖြစ်သည့် ဒေါ်စန္ဒာယုနှင့် ထားဝယ်တက္ကသိုလ် ဥပဒေ ပထမနှစ်ကျောင်းသားဖြစ်သူ မောင် အောင်ဝေယံကျော်တို့က ထားဝယ် မြို့နယ် တရားရုံးတွင် ရုံးချိန်းစောင့်ဆိုင်း နေစဉ် မီဒီယာများသို့ ပြောသည်။
“ဖမ်းဝရမ်းပါရင်ပြလို့ ပြောတာကို သေချာမပြဘူး။ လက်ထိတ်ခတ်ခေါ်ခဲ့ဖို့ တစ်ယောက်က ပြောတယ်။ ဘာကြောင့် ဖမ်းတာလဲမေးတော့ စခန်းရောက်မှ ရှင်းလို့ပြောတယ်။ ခေါ်လာတဲ့ အချိန်မှာ တော့ လက်ထိတ်တော့ မခတ်ပါဘူး” ဟု ဒေါ်စန္ဒာယုက ဆိုသည်။

၎င်းတို့ နှစ်ဦးကို နေအိမ်မှ ထားဝယ် မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရဲစခန်းတွင် မည်သည့် စစ်ဆေးမှုမျှ ပြုလုပ်ခြင်းမရှိဘဲ ထားဝယ်မြို့နယ် တရား ရုံးသို့ ခေါ်လာခဲ့သည်ဟု ၎င်းတို့ထံမှ သိရသည်။

ယင်းနှစ်ဦး အပါအဝင် တက္ကသိုလ် ကျောင်းသား ၅ ဦးနှင့် လယ်သမား ၉ ဦးတို့ကို တာဝန်ဝတ္တရား ဆောင်ရွက် နေသော ပြည်သူ့ဝန်ထမ်းအား နာကျင် စေမှု၊ လက်ရောက်မှု၊ ညစ်ညမ်းသော ဆဲရေးတိုင်းထွာမှု၊ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ကြောင့်ဟုဆိုကာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမှုဖွင့်ထားသည်။

ဖမ်းခေါ်ခံရသူ နှစ်ဦးမှာ ထားဝယ် မြို့နယ် တရားရုံးတွင် နံနက်ပိုင်း တစ် ပိုင်းလုံး စောင့်ဆိုင်းနေခဲ့ရပြီး ကျောင်း သားဖြစ်သူ မောင်အောင်ဝေယံကျော်မှာ ထားဝယ်တက္ကသိုလ်တွင် နေ့လယ် ၁ နာရီတွင် စာမေးပွဲဖြေဆိုရန် ရှိသည့် အတွက် ပြန်လာခဲ့ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။
တရားရုံးတွင် ကျန်ခဲ့သည့် ဒေါ်စန္ဒာယု ကို ညနေ ၄ နာရီ ၁၅ တွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး တရားရုံးက အာမခံယူမယူ မေးမြန်းသည်ကို မယူဟု ပြောဆိုခဲ့သည့် အတွက် အကျဉ်းထောင်ရှိအချုပ်သို့ ပို့ဆောင်မည်ဟု သိထားကြောင်း ဒေါ်စန္ဒာယု၏ မိသားစုဝင်ဖြစ်သူ ဖမ်းဝရမ်း ထုတ်ရာတွင် ပါဝင်သည်ဆိုသည့် ဒေါ်ရီရီထွေးက ပြောသည်။

ဒေါ်စန္ဒယုကို ဖမ်းဆိးရာတွင် ပါဝင် သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ညနေ ၅ နာရီတွင် ဖုန်းဆက်မေးမြန်းရာ ၎င်းအနေ ဖြင့် မသိရှိဘဲ လုပ်ထုံးလုပ်နည်းအရ ထားဝယ်မြို့နယ် တရားသူကြီး၏ ဆုံးဖြတ် ချက်အပေါ်မူတည်ကာ ရဲစခန်းအချုပ် သို့မဟုတ် အကျဉ်းထောင်ချုပ်သို့ ပို့ဆောင်လေ့ရှိသည်ဟု ဆိုသည်။
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်က သိမ်းဆည်းလယ်မြေပေါ်တွင် ယခုနှစ် ဖေဖော်ဝါရီလက ဌာနဆိုင်ရာ စုပေါင်း ရုံးတည်ဆောက်မည့်မြေနေရာတွင် ခြံစည်းရိုး ခတ်စဉ် နှောင့်ယှက်ခဲ့သည်ဟု ဆိုကာ အမှုဖွင့်ခံခဲ့ရသည့် လယ်သမား ၉ ဦးနှင့် ကျောင်းသား ၅ ဦးတို့ကို တရားရုံးတင်ရန် အကြိမ်ကြိမ် ခေါ်ယူ သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိကြောင်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦး က ပြောသည်။

” မနက်ကဆို အိမ်တွေမှာ လိုက် ရှာတယ်။ ရှိတဲ့သူပဲ ခေါ်လာတယ်။ ဒီတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ဘူး ပေါ့။ မလာဘဲနဲ့ ရှောင်နေမယ်ဆိုရင် တွေ့တဲ့ နေရာမှာ ဖမ်းခေါ်ရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ကျောင်းသားနှင့် လယ်သမား စုစုပေါင်း ၁၄ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃၊ ၂၉၄၊ ၄၄၇ နှင့် ၄၂၇ တို့ဖြင့် ထားဝယ်မြို့နယ် ထွေ^အုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် မြင့်က တရားလိုပြုလုပ် ကာ ဖေဖော်ဝါရီ လ ၂၅ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ သည်။