ထားဝယ်တွင် မူးယစ်ဆေးပျံ့နှံ့မှု အထက်တန်းကျောင်း အထိရောက်

0
588

ထားဝယ်ဒေသအတွင်းရှိ တက္ကသိုလ် များသာမက ထားဝယ်မြို့ပေါ် အထက် တန်းကျောင်းအချို့မှ ကျောင်းသားထု အတွင်းအထိပါ မူးယစ်ဆေးဝါးသုံးစွဲမှု ကျယ်ပြန့်လာကြောင်း ထားဝယ်လူမှု အဖွဲ့အစည်းများနှင့် ကျောင်းသူ/ ကျောင်းသား အသိုင်းအဝိုင်းမှ သိရသည်။


ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးအနီးရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း တွင် တက်ရောက်နေသော ၉ တန်း ကျောင်းသားတစ်ဦးထံမှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က  WY စိတ်ကြွဆေးပြား ၁၀၄ ပြား ဖမ်း မိခဲ့ပြီး ယင်းသို့ ဖမ်းဆီးရမိသည်ကို ကြည့်ခြင်း ဖြင့် ကျောင်းသားကျောင်းသူ များအတွက် စိုးရိမ်စရာဖြစ်လာသည်ဟု ထားဝယ် လူမှုအဖွဲ့အစည်းအချို့နှင့် ကျောင်းသား မိဘအချို့က ပြောသည်။

” အခုဖမ်းမိတဲ့ ပမာဏကို ကြည့်ရ တာနဲ့တင် တော်တော်ရင်လေးစရာ ကောင်း နေပြီ” ဟု ထားဝယ်တက်ကြွ လူငယ်အဖွဲ့ မှ ကိုဝေဖြိုးက ပြောသည်။အထက်တန်းကျောင်းများတွင် ယင်းသို့ မူးယစ်ဆေးဝါး ပျံ့နှံ့လာခြင်း မှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် တာဝန်ရှိသူများ၊ ကျောင်းတာဝန်ရှိ သူများ ၏ အားနည်းချက်ကြောင့် ဖြစ်သည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။
“စီးကရက်ဘူးက ခဲစက္ကူကို လိပ် ပြီး ဒီကိုဂျင်၊ ပါရာစီတမောဆေးတွေကို ထည့်ပြီးတော့ အောက်က မီးခြစ်ခြစ်ပြီး အပေါ်က ဘောပင်ပြောင်းနဲ့ စုပ်နေတာကို အိမ်သာမှာ တွေ့ဖူးတယ်။ တတ်နိုင်တဲ့ သူတွေက ဆေးပြားအစစ် တွေသုံးတာ တွေ့ဖူးတယ်” ဟု ထားဝယ်မြို့ပေါ် အထက် တန်းကျောင်း တစ်ကျောင်းက ၉ တန်း ကျောင်းသားတစ်ဦးက ပြောသည်။

အ.ထ.က (၁) ထားဝယ် ကျောင်း တွင် ကျောင်းတက်ချိန် နောက်ကျမှ ရောက်လာသည့် ၉ တန်း ကျောင်းသား တစ်ဦးကို အတန်းပိုင်ဆရာမက စစ် ဆေးရာဆေးပြား၁၀၄ ပြားတွေ့ ရှိခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကို အကြောင်း ကြားခဲ့သဖြင့် သွားရောက် စစ်ဆေးခဲ့ရာ WY ဆေးပြားများဖြစ်နေသည်ကို တွေ့ရ ကြောင်း ထားဝယ်မြို့ မရဲစခန်းထံမှ သိရ သည်။

ယင်းဆေးပြားများကို အိုးလုပ် ရပ် ကွက်နေ အသက် ၁၈နှစ် အရွယ်လူငယ် တစ်ဦးက ကျောင်းသားလက်ထဲကို ကျောင်းလွှတ်ချိန်တွင် လာယူသူတစ်ဦး အားပေးရန် ထည့်ပေးလိုက်ခြင်းဖြစ် ကြောင်း သိရ၍ ကျောင်းလွှတ်ချိန် ဆေးပြား လာယူသူ အသက် ၁၉ နှစ် အရွယ်လူငယ်တစ်ဦးကို ဖမ်းမိခဲ့သော် လည်း ဆေးပြားကို ထည့်ပေးလိုက်သူ မှာမူ တိမ်းရှောင်ထွက်ပြေးနေဆဲဖြစ် ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရ သည်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ကျောင်းသားနှင့် အပေါင်းပါနှစ်ဦးကို ထားဝယ်မြို့မ ရဲစခန်းက မူး^စိတ်ပုဒ်မ ၁၅ ^၁၉-က ^ ၂၂-ဂ တို့ဖြင့် အမှုဖွင့် ထားကြောင်း ယင်းရဲစခန်းထံမှ သိရ သည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ များတွင် မူးယစ်ဆေးပျံ့နှံ့မှု ပိုမိုများ ပြားလာသော်လည်း အများအားဖြင့် လက်လီ ရောင်းချသူများ၊ သုံးစွဲသူများ ကို ဖမ်းမိလေ့ရှိပြီး အဓိကလက်ကား ဖြန့်ဝေသူကို ဖမ်းမိခြင်း မရှိပေ။ ” အချို့ဆိုရင် မိဘတွေ ကိုယ်တိုင် က သားသမီးတွေကို ရောင်းခိုင်းနေတယ် ဆိုတာမျိုးတွေ အထိ ကြားလာရတယ်” ဟု ထားဝယ်မြို့ပေါ်မှ ကုန်သည်တစ်ဦး က ဆိုသည်။