ထိုင်း – မြန်မာ နယ်စပ်တစ်လျှောက် ဥက္ကာခဲဟု ယူဆရသည့်အရာများ လောင်ကျွမ်းကျလာ

0
616

ထားဝယ်ခရိုင်နှင့် ကန်ချနဘူရီ ခရိုင် နယ်နိမိတ် တလျှောက်တွင် စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက ဂြိုလ်တုအပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲများဟု ယူဆရသည့် အရာများ ကျလာ သည်ဟု ကေအင်န်ယူ တပ်မဟာ ၄ ဆက်ဆံရေးရုံးထံမှ သိရသည်။

ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ အတွင်းရှိ ကေအင်န်ယူ ထိန်းချုပ်နယ် မြေဖြစ်သော ဗောဓိနယ်မြေနှင့် ငါးရံ့နီ ချောင်း၏ အရှေ့မြောက်ဘက်တွင် အဆို ပါ ဂြိုလ်တု အပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲဟုယူဆရသည့် အရာများ ကျလာ ခြင်းဖြစ်ကြောင်း ထိုင်းနယ်စပ်တွင် ရုံးစိုက် ထားသည့် တပ်မဟာ ၄ ဌာနချုပ်၏ ဖြေကြားချက်ကို ကိုးကားပြီး အထက်ပါ ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်
oak-kar
” နှစ်ဘက်တပ်တွေ ထိပ်တိုက် တွေ့ နိုင်တဲ့အတွက်  လက်ရှိအချိန်မှာ          ကေအင်န်ယူဘက်က မလှုပ်ရှားသေးဘူး။ မြန်မာ့ တပ်မတော်ဘက် ကတော့ အခင်း ဖြစ်ပွားမှုကို အတည်ပြုနိုင်ဖို့ ရှင်းလင်း ရေးစလုပ်နေပြီ ” ဟု ဖဒိုဝင်းခိုင်က ဆိုသည်။Thai PBS ၏ ထိုင်းဘာသာဖြင့် ထုတ်လွှင့်ချက်အရအထက်ပါ ကေအင်န် ယူ ထိန်းချုပ်နယ်မြေအပြင် ကန်ချနဘူရီ ခရိုင်ဘက်ခြမ်း ၂ နေရာတွင်လည်း အဆို ပါ အပိုင်းအစများကျလာသည်ဟု သိရ သည်။

ပအောက် တောင်ခြေဘက်ကို မီးခိုး တန်းကြီးတစ်ခု ထိုးဆင်းသွားတာကို တွေ့လိုက်ရပြီး ပေါက်ကွဲသံများကို လည်းကြားရသည်ဟု မေတ္တာမြို့နယ် အတွင်းရှိ ဒေသခံတချို့က ပြောသည်။ ဒေသခံများက လေယာဉ်ပျက်ကျ သည်ဟု ထင်ကြေးပေးနေကြ သော်လည်း ကေအင်န်ယူ တပ်မဟာ ၄ မှ အရာရှိ တစ်ဦးကမူ လေယာဉ်ပျက် ကျခြင်း မဟုတ်ဟု ထိုင်းနိုင်ငံဘက်ခြမ်းမှ ရဲတပ်ဖွဲ့ မှ ထုတ်ပြန်သည့်သတင်းကို ကိုးကားပြီး အတည်ပြုပြောသည်။