အူရီဒူးဖလားစက်ဘီးပြိုင်ပွဲ ထားဝယ်မြို့ခံ ငါးဆယ်ကျော်ဝင်ပြိုင်

0
392
အူရီဒူးဖလား ပြိုင်ပွဲဝင် စက်ဘီးသမားများကိုတွေ့ရစဉ် ဓာတ်ပုံ - ဖိုးဇော်

ထားဝယ်မြို့တွင်း ဩဂုတ်လ ၃၀ ရက် နံနက်က ကျင်းပခဲ့သည့် အူရီဒူး ဖလား စက်ဘီးပြိုင်ပွဲတွင် မြို့ခံပြိုင်ပွဲဝင် ၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သည့် Dawei Bike Association ထံမှ သိရသည်။


ယင်း အူရီဒူးဖလား မိုးရာသီ စက်ဘီး ပြိုင်ပွဲကို ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူး ကျင်းပ ခြင်းဖြစ်ပြီး အသက် ၄၀နှစ်အထက် လူကြီးတန်းနှင့် အသက် ၄၀နှစ် အောက် မျိုးဆက်သစ်လူငယ်တန်းခွဲ၍ ယှဉ်ပြိုင် ခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရ သည်။

အူရီဒူးဖလား ပြိုင်ပွဲဝင် စက်ဘီးသမားများကိုတွေ့ရစဉ် ဓာတ်ပုံ - ဖိုးဇော်
အူရီဒူးဖလား ပြိုင်ပွဲဝင် စက်ဘီးသမားများကိုတွေ့ရစဉ်
ဓာတ်ပုံ – ဖိုးဇော်

” ထားဝယ်မြို့နယ်မှာ မျိုးဆက်သစ် စက်ဘီးစီးမျိုးဆက်သစ်တွေ ပေါ်ထွက် လာဖို့ ရည်ရွယ်ပြီးကျင်းပတာပါ” ဟု ယင်းအဖွဲ့က အတွင်းရေးမှူး ဦးအောင် နိုင်က ပြောသည်။အသက် ၄၀ နှစ်အထက် လူကြီး တန်းပြိုင်ပွဲကို ၁၂ မိုင် အသွားအပြန်နှင့် အသက် ၄၀ နှစ်အောက် မျိုးဆက်သစ် လူငယ်ပြိုင်ပွဲကို ၁၅ မိုင်အသွားအပြန် ယှဉ်ပြိုင်စေခဲ့ပြီး လူကြီးတန်းတွင် ပြိုင်ပွဲ ဝင် ၂၀ ဦးနှင့် မျိုးဆက်သစ်လူငယ်တန်း တွင် ပြိုင်ပွဲဝင် ၃၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို အူရီဒူး ကုမ္ပဏီက ဆုများ ချီးမြှင့် ပေးခဲ့ပြီး ပြိုင်ပွဲ ဝင်များအားလုံးကိုလည်း လက်ဆောင် များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စက်ဘီးပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် ၅၀ ကျော်အပြင် အခြားစက်ဘီးစီး သမားများ စုပေါင်းကာ စက်ဘီး ၁၀၀ နီးပါးဖြင့် ထားဝယ်မြို့တွင်း အလှပြ စီးနင်းခဲ့ကြကြောင်း Dawei Bike Association ထံမှ သိရသည်။