ထားဝယ်တွင် ဆန်အိတ်များ အလေးချိန် မှန် မမှန် ရှောင်တခင်စစ်မည်

0
448

ထားဝယ်ခရိုင် ဈေးကွက်အတွင်း ရောင်းချနေသည့် ဆန်အိတ်များ အလေး ချိန် မှန်/မမှန် ယခုစက်တင် ဘာလမှ စတင်၍ ရှောင်တခင် စစ်ဆေးသွား မည်ဖြစ်ကြောင်း စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်ဈေးကွက်တွင် သတ်မှတ် ပေါင်ချိန် မပြည့်သည့် ဆန်အိတ်များ မရောင်းချရန် ထားဝယ်ခရိုင် ဆန်စပါး လုပ်ငန်းရှင်များအသင်းက ဆန်နှင့် ဆန်ထွက်ပစ္စည်း အရောင်းအဝယ် ပြုလုပ် သူများ၊ ဆန်ကုန်သည်အသင်းဝင် များနှင့် သက်ဆိုင်ရာ ဌာနများထံသို့ ဩဂုတ်လ ၁၀ ရက်နေ့က အကြောင်းကြား စာပို့ခဲ့သည်။

အဆိုပါ စာအရ ယခုလ စက်တင် ဘာလ ၁ ရက်နေ့မှ စတင်၍ သတ်မှတ် ပေါင်ချိန်ပြည့် ရောင်းချရမည် ဖြစ်သည်။သို့သော် ဈေးကွက်အတွင်း သတ် မှတ် ပေါင်ချိန်ပြည့် ရောင်းချနေသူများ ရှိသကဲ့သို့ သတ်မှတ်စံချိန်စံညွှန်းကို မလိုက် နာဘဲ အလေးချိန်လျှော့ ဈေးနှုန်းလျှော့ ရောင်းချနေသူများ ရှိဆဲဖြစ်ကြောင်း ထာဝယ် ခရိုင် ဆန်စပါးလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးနိုင်လွင်လတ်က ပြောသည်။
” သတ်မှတ် ပေါင်ချိန်မပြည့်ဘဲ ရောင်း နေတာနဲ့ ပတ်သက်ပြီး စစ်ဆေးပေးဖို့ ဆန်စပါး လုပ်ငန်းရှင်များအသင်းက အကြောင်း ကြားလာတယ်။ ဒါကြောင့် ဒီလကစပြီး ရှောင်တခင် စစ်ဆေးသွား မယ်” ဟု စားသုံးသူ အငြင်းပွားမှု ဖြေရှင်း ရေးအဖွဲ့ဝင် တိုင်းဒေသကြီးကုန်သည်မှု မြင့်တင်ရေးနှင့် စာသုံးသူရေးရာ ဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးကျော်စွာဝင်းက ပြောသည်။

သတ်မှတ်ပေါင်ချိန်မပြည့်ဘဲ ရောင်းချ နေသည်ကို တွေ့ရှိပါက စာသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း ဦးကျော်စွာဝင်းက ဆို သည်။
သတ်မှတ်ပေါင်ချိန်မပြည့်ဘဲ ရောင်းချသည်နှင့် ပတ်သက်ပြီး စားသုံး သူများအနေဖြင့် ကျေနပ်မှု မရှိပါက စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ သို့ တိုင်ကြားနိုင်ပြီး တိုင်ကြားပါက တိုင်ကြားခံရသည့်ဆိုင်ကို ဌာနဆိုင်ရာ ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် စားသုံး သူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က စစ်ဆေး သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သတ်မှတ်ပေါင်ချိန် မပြည့်ဘဲ ရောင်းချနေသည့် ဆန်များကို လျှော့ချ နိုင်ရန်အတွက် ဆန်ရောင်းသူနှင့် ဆန် စက်လုပ်ငန်းရှင်များ ညီညွတ်ရန်လို ကြောင်း ထားဝယ်ခရိုင် ဆန်စက်လုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်အေး က မှတ်ချက်ပြုသည်။
အခြားဒေသထွက် ဆန်များမှာ တစ်အိတ်လျှင် ၁၀၈ပေါင် ရှိပြီး ထားဝယ် ဒေသထွက် ဆန်များမှာမူ တစ်အိတ်လျှင် ပေါင် ၁၀၀ပြည့်ရမည်ဟု သတ်မှတ်ထား သည်။