နှစ်ပေါင်း သုံးဆယ်အတွင်း ရိုးရာခြင်းလုံးပြိုင်ပွဲ ပထမဆုံး ပြန်ကျင်းပ

0
532

တနင်္သာရီတိုင်းဒေသကြီးတွင် နှစ် ပေါင်းသုံးဆယ်အတွင်း မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ထားဝယ်မြို့ရှိ ရွှေ ဝယ်သီရိ အားကစားခန်းမတွင် ဩဂုတ် လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

၁၉၈၅ ခုနစ်က တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၀ မြို့နယ် မြန်မာ့ရိုး ရာခြင်းလုံးပြိုင်ပွဲကို နောက်ဆုံးကျင်းပ ခဲ့ပြီး ယခုနှစ် ၂၀၁၅ ခုနစ်တွင်မှ ခရိုင် အလိုက် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း တိုင်း အား^ကာထံမှ သိရသည်။
” ဒေသအတွင်း ခြင်းလုံးခတ်သူ များမှာ အပျော်တမ်းခတ်သူသာ များ သည့်အတွက် တိုင်းနှင့် ပြည်နယ် အလိုက် ပြိုင်ပွဲများ သွားသည့်အခါ အဆင့်မမီ ဖြစ်ခဲ့သည်ဟု တိုင်းအား^ကာမှူး ဦးစိုးမိုးနိုင်က ပြောသည်။

” ပြိုင်ပွဲခတ်တဲ့ ပုံစံအတိုင်း လူငယ် တွေ ဝါသနာပါပြီး လေ့ကျင့်လာအောင် အခုလို ပြန်ကျင်းပဖြစ်တာ” ဟု ဦးစိုးမိုး နိုင်က ဆိုသည်။
ယင်းရိုးရာခြင်းလုံးပြိုင်ပွဲကို ကော့ သောင်းခရိုင်အသင်း၊ ထားဝယ်ခရိုင်(က)အသင်း၊ ထားဝယ်ခရိုင်(ခ)အသင်းနှင့် မြိတ်ခရိုင် အသင်းတို့ ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ကော့သောင်းခရိုင် အသင်း က ပထမ၊ ထားဝယ်ခရိုင်(က)အသင်း က ဒုတိယနှင့် ထားဝယ်ခရိုင် (ခ)အသင်း က တတိယ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

” ရိုးရာခြင်း ပြိုင်ပွဲတွေလုပ်မယ် ဆိုရင်စနစ်တကျခတ်နိုင်အောင် သင်ပေး မယ့် နေရာတွေရှိဖို့လိုတယ်” ဟု ညနေ ဘက် ခြင်းလုံးခတ်လေ့ရှိသည့် ထားဝယ် မြို့ခံ လူငယ်တစ်ဦးက မှတ်ချက်ပြု သည်။

၁၉၉၀ခုနစ်မတိုင်မီက တနင်္သာရီ တိုင်းဒေသကြီးအသင်းက တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲများတွင် အမြင့်ဆုံးဆုများ အဖြစ် တတိယဆု သုံးကြိမ်၊ အကောင်း ဆုံးကစားသမား ဆုတစ်ဆုနှင့် အတိုး တက်ဆုံး အသင်းဆုတစ်ဆုတို့ကို ရရှိခဲ့ ဖူးကြောင်း တိုင်းအား^ကာထံမှ သိရ သည်။