ဒေါ်လာဈေး အတက်ကြောင့် ကံပေါက် လျှပ်စစ်မီး အင်ဂျင်ငှားခ တစ်လ ကျပ်သိန်း ၈၀၀နီးပါး ပိုပေး နေရ

0
438

ဒေါ်လာဈေး မြှင့်တက်နေခြင်း ကြောင့် ထားဝယ်ခရိုင် လေးမြို့နယ်သို့ ဖြန့်ဖြူးပေးနေသည့် ကံပေါက် လျှပ်စစ် မီးအတွက် အင်ဂျင်ငှားခကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တစ်လလျှင် ကျပ်သိန်း ၈၀၀နီးပါး ပိုပြီး ပေးနေရကြောင်း တိုင်း ဒေသကြီး မီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးခင် လေးက ပြောသည်။


၁ မဂ္ဂါဝပ်အင်ဂျင် ၆ လုံးအတွက် ငှားရမ်းခကို စက်စငှားသည့်အချိန်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာ ငွေပေါက်ဈေး ၉၇၀ သာရှိခဲ့ သော်လည်း လက်ရှိအချိန်တွင် တစ် ဒေါ်လာ ပေါက်ဈေးမှာ မြန်မာငွေကျပ် ၁၃၀၀ နီးပါး ရှိနေသည်။
ထိုကြောင့် ဒေါ်လာဖြင့်သာ ငွေပေးချေရသည့် စက်ငှားရမ်းခအတွက် တစ်လကို ကျပ်သိန်း ၇၀၀ကျော် အရှုံး ပေါ်နေကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူး တိုင်းအင်ဂျင်နီယာမှူး ကြီး ဦးခင်လေးက ပြောကြားသည်။
” အဓိက ကတော့ ဒေါ်လာဈေး ကြောင့်ပဲ။ ဒေါ်လာဈေးကြောင့် စက်ဖိုး သက်သက်ကို သိန်း ၇၀၀ ကျော် ရှုံးနေပြီလေ” ဟု ဦးခင်လေးက ဆို သည်။

kan-paunt-electric-2
၁ မဂ္ဂါဝပ်အင်ဂျင် ၆ လုံးအတွက် လစဉ် ယူနစ် ၄၃၂၀၀၀၀ ကို တစ်ယူနစ်လျှင် ၅ဒဿ      မ ၇ ဆင့် (အမေရိကန်ငွေ)နှုန်းဖြင့် ဒေါ်လာ ၂၄၆၂၄၀ ကို လစဉ်ပေးဆောင်ရမည် ဖြစ်သည်။
စတင် သဘောတူချိန်က ဒေါ်လာ ပေါက်ဈေးမှာ မြန်မာငွေဖြင့် တစ်ဒေါ်လာကို ကျပ် ၉၇၀ သာ ရှိသဖြင့် ၂၄၆၂၄၀ ဒေါ်လာ အတွက် မြန်မာငွေ ကျပ်သိန်းပေါင်း ၂၃၈၈ကျော် ပေးချေ ရမည်ဖြစ်သော်လည်း လက်ရှိ ဒေါ်လာ ဈေးမှာ တစ်ဒေါ်လာ ကျပ်  ၁၂၈၁.၅၀ (ဩဂုတ်လ ၂၆ ရက်နေ့ဈေး) ဖြင့် တွက်ချက်ပါက ကျပ်သိန်းပေါင်း ၃၁၅၅ကျော် ပေးဆောင်ရ မည်ဖြစ် ကြောင်း အထက်ပါကော်မတီထံမှ သိရ သည်။
” ဒီလိုဒေါ်လာဈေးတက်ပြီး ရှုံးနေ တော့ ဈေးနှုန်းကို လျှော့ချဖို့ မလွယ် သေးဘူး” ဟု ဦးခင်လေးက ပြော သည်။
တစ်ယူနစ် ကျပ်၃၀၀ နှုန်းဖြင့် ကံပေါက် ဂက်စ်မီးကို ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြန့်ဖြူးပေးခဲ့ပြီး တစ်ယူ နစ်လျှင် ကျပ်၃၀၀ ထက်ပိုမိုကာက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။