တိုင်းအတွင်း ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၁၇၈ ဦးရှိ

0
471

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဝင်ရာက်ယှဉ် ပြိုင်ရန် လျှောက်ထားသူ ကိုယ်စားလှယ်လောင်း ၁၇၈ ဦးရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ၅ ဦးအပါအဝင် ပါတီ ၁၁ ခု မှ ကိုယ်စားလှယ်လောင်းများ စုစုပေါင်း ၁၇၈ ဦးလျှောက်ထားပြီးခရိုင် ရွေး ကောက်ပွဲကော်မရှင် အသီးသီးက ကိုယ် စားလှယ်လောင်းများကို ဩဂုတ်လ ၁၈ ရက်နေ့ကစပြီး စိစစ်လျက်ရှိကြောင်း အထက်ပါ ကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။

စိစစ်ပြီးသည့် ကိုယ်စားလှယ်လောင်း စာရင်းကို ဩဂုတ်လ ၂၇ ရက်နေ့ နောက်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အထက်ပါကော်မရှင်က ပြော သည်။
ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်ခံရပါက နောက်တစ် ယောက် အစားထိုးခွင့် မရှိဘဲ၊ တစ်ပတ်အတွင်း အယူခံပြန်ဝင်ခွင့် ရှိသည်ဟု သိရသည်။
ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီ တို့က တိုင်းအတွင်းရှိ မဲဆန္ဒနယ်အား လုံး ၄၃ နေရာစလုံးကို ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ပြီး တ.စ.ညပါတီက မဲဆန္ဒနယ် ၃၃ နေရာ၊ ထားဝယ်တိုင်း ရင်းသားများပါတီက ၁၃ နေရာ၊ အမျိုး သားဖွံ့ ဖြိုးတိုးတက်ရေးပါတီက ၁၁ နေရာ စသဖြင့် ပါတီ ၁၁ ခု ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။