ခြောက်တန်း ကျောင်းသားတစ်ဦး ဆိုင်ကယ်တိုက် သေဆုံး

0
537

ထားဝယ်မြို့၊ ဗျောတောဝ ရပ်ကွက် လမ်းဆုံတွင် ခြောက်တန်း ကျောင်းသား တစ်ဦး ဩဂုတ်လ ၁၈ ရက်နေ့က ဆိုင်ကယ် တိုက်သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ကျော်မော်ကြီးရပ်ကွက်ရှိ အ.ထ.က(ခွဲ)၊ အ.လ.က(၄) ဘက်မှ စက်ဘီး စီးနင်းလာသည့် ခြောက် တန်းကျောင်းသားသည် ဗျောတောဝ ရပ်ကွက်လမ်းဆုံ အရောက်တွင် မြို့ ပတ်လမ်းဘက်သို့ ကွေ့ချိန်တွင် မေတ္တာ လမ်းဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း အထက်ပါ ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်း အရ သိရသည်။

ယင်းသို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး အထက်ပါ ခြောက်တန်း ကျောင်းသားမှာ ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြသည်။

သေဆုံးသူကျောင်းသားသည် အ.ထ.က(ခွဲ)၊ အ.လ.က(၄) ကျောက် မော်ကြီးကျောင်းတွင် ပညာသင်ကြား နေသူဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ် မောင်းနှင်သူအား ယာဉ် မဆင်မခြင်မောင်းနှင်မှုဖြင့် ထားဝယ်မြို့မ ရဲစခန်းက ပုဒ်မ ၃၀၄-က / ၃၃၈ အရ အမှုဖွင့် ထားကြောင်း သိရသည်။