ရွှေအတုရောင်းချသူများကို ဖမ်းမိ

0
536

ထားဝယ်မြို့သည်းဦးပန်း တည်းခို ခန်း တွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁ နာရီက ရွှေအတု ရောင်းချသူများကိုသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရ မိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ည ၉ နာရီ ခန့်ကရေး – ထားဝယ် မီးရထားဖြင့် လိုက်ပါလာသူ ၇ ဦးကိုပြည်သူတစ်ဦးက သံသယဖြစ်ဖွယ် အခြေအနေရှိသည်ဟု ဆိုကာ သတင်းပေးသဖြင့် လိုက်လံရှာဖွေ ရာ သည်းဦးပန်းတည်းခိုခန်းတွင် ၆ ဦး ကိုတွေ့ရှိကာ ဖမ်းမိခဲ့သည်ဟု အထက်ပါ ရဲစခန်းမှသိရသည်။
ရွှေထည်ပစ္စည်း ၈ ကျပ်သားနှင့် အတူငွေကျပ်၁၂ သိန်းကိုပါဖမ်းဆီး ရမိ ခဲ့ပြီး ရွှေထည်ပစ္စည်းများသည် အထူး ပြုလုပ်ထားသော ရွှေအတုများဖြစ်ပြီး ငွေ ၁၂သိန်းသည် ရွှေထည်အတုများအား ရေးမြို့ဈေးအတွင်း လိမ်လှည်ရောင်းချ ရာမှရရှိသော ငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း အထက်ပါ ရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

“မှတ်ကျောက်တိုက်၊ မီးမှုတ်စစ် ဆေးပေမယ့် ရွှေအစစ်လို့ ထင်ရတယ်။ ဖြတ်တောက်စစ်ဆေးမှ အတုလို့စစ်ဆေး တွေ့ရှိရတယ်”ဟု ထားဝယ်မြို့မ စခန်းမှူး ကဆိုသည်။

ရွှေအား မှတ်ကျောက်တိုက်၊ မီးမှုတ် စစ်ဆေးသော်လည်းရွှေအစစ်ဟု ထင်မှတ် ရသည်မှာအပြင်တွင် ရွှေအနည်းငယ်ဖြင့် ခတ်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ ယင်း အခြေအနေမျိုးတွင် အတွင်းအထိ ပေါက် အောင်တံစဉ်းဖြင့်တိုက်ကြည့်ခြင်းနှင့် မီး ဖြင့်အရည်ဖျော်ခြင်းဖြင့်သာ စစ်ဆေးနိုင် ကြောင်း ဆန်းချီရပ်ကွက်မှ ပန်းတိမ်ဆရာ တစ်ဦးက ရှင်းပြသည်။

အဆိုပါ ရွှေအတု ရောင်းချသည်ဟု သံသယရှိသူများကို ထားဝယ်မြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀^ ၅၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်ဟု သိရ သည်။
၎င်းတို့အား ရေးမြို့တွင်ဆက်လက် စစ်ဆေးနိုင်ရန် ပြစ်မှု လွှဲပြောင်းပေး ခဲ့ပြီးဖြစ်ကာ ရေးမြို့မရဲစခန်းမှ ဆက် လက် စစ်ဆေးမည်ဟု သိရသည်။