မိုးတွင်း ထီးခီးနယ်စပ်ဂိတ်မှ ရွေ့ပြောင်းလုပ်သား အဝင်အထွက်ပါး

0
561

မိုးရာသီဝင်ပြီးနောက် ထီးခီးနယ် စပ်ဂိတ်မှတဆင့် ထိုင်းသို့သွားသည့် ရွှေ့ပြောင်း လုပ်သားအရေအတွက် နည်း လာကြောင်း ထီးခီးဒေသအခြေစိုက် ယာဉ်လိုင်း အသိုင်းအဝိုင်းမှ သိရသည်။ ယခင်က တစ်ချို့ယာဉ်လိုင်းများ သည် ယာဉ် ၃ စီးမှ ၄ စီးအထိ ပြေးဆွဲခဲ့ ရသော်လည်း လက်ရှိတွင် တစ်ရက်လျှင် တစ်စီး သို့မဟုတ် နှစ်ရက်လျှင် တစ်စီး သာ ပြေးဆွဲရတော့ကြောင်း ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။

ထိုင်းနိုင်ငံဘက်ရှိ လူဝင်မှုကြီးကြပ် ရေးဂိတ်တွင် ယခင်က ဝင်ထွက်ခွင့်ပြုချက် တံဆိပ်ကို မရိုက်နှိပ်ဘဲ ညှိနှိုင်းကာသွား လာ၍ရသော်လည်း ယခုနောက်ပိုင်းတွင် တရားဝင်တံဆိပ်ရိုက်ပြီးမှ သွားလာရ ခြင်းကြောင့် ရွှေပြောင်း လုပ်သားများ အသွားအလာပါးလာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ရွှေ့ပြောင်း လုပ်သားများကိုပို့ဆောင်ပေးလေ့ရှိသောထီးခီးယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
border-station-dawei
“ထိုင်းမှာလဲ အလုပ်အကိုင်အဆင် မပြေကြလို့ သွားတဲ့သူပါးလာတာပါ”ဟု ထီးခီးအခြေစိုက် ယာဉ်လိုင်းတာဝန်ခံ တစ်ဦးက မှတ်ချက်ပြုသည်။
ယခုနှစ် ဧပြီလကမြန်မာနိုင်ငံသား ၅၁၁၄ ဦး၊ မေလတွင် ၅၉၄၅ ဦး ၊ ဇွန်လ တွင် ၂၉၄၀ ဦးသာ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဝင်ထွက်ခဲ့သည် ဟု တနင်္သာရီတိုင်းဒေသကြီးလ.၀.က ရုံး၏ မှတ်တမ်းအရသိရသည်။

“သီတင်းကျွတ်ရင် ဝင်ထွက်ပြန် များ လာလိမ့်မယ်ထင်တယ်” ဟု ထီးခီးအခြေစိုက်သီရိလှိုင်းယာဉ်လိုင်းမှ တာဝန် ရှိသူက သုံးသပ်သည်။
၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံသား ၃၄၄၈၀ ဦး၊ ထိုင်းနိုင်ငံသား ၉၆၀၆ဦး၊ နိုင်ငံခြားသား ၁၀၆၉ဦး၊ ၂၀၁၄-၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံသား ၇၃၉၆၈ ဦး၊ထိုင်းနိုင်ငံသား ၈၅၀၃ဦး၊ နိုင်ငံခြားသား ၁၅၉၈ ဦး၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသား ၁၃၉၉၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၇၇ဦး၊ နိုင်ငံခြားသား ၂၀၄ ဦး ဝင်ထွက်ခဲ့ သည်ဟု အထက်ပါ လ.၀.ကရုံးထံမှ သိရသည်။

ထားဝယ်မြို့မှ ထီးခီးသို့ ၉၇ မိုင် ခရီးအကွာအဝေးရှိပြီး မော်တော်ယာဉ် များဖြင့် ၄ နာရီကျော်အကြာ မောင်းနှင် ရကာထီးခီးနယ်စပ်ဂိတ်မှ မော်တော်ယာဉ် ဖြင့် ကီလိုမီတာ ၂၀၀ အား ၃ နာရီအကြာ ခရီးမောင်းနှင်ပါက ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့သို့ ရောက်သည်။
ထီးခီးနယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ယင်းနှစ်ဩဂုတ်လ ၂၈ ရက်နေ့တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင် ရာဝင်ထွက်ပေါက်ဖြင့် သတ်မှတ်ခဲ့ကာနိုင်ငံကူးလက်မှတ်ဖြင့်စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။
ယင်းနှစ်ဇွန်လ ၁၄ ရက်နေ့တွင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်ဟု သိရသည်။